စာလေးတစ်ကြောင်းတင်ပြီး ချွဲလိုက်တဲ့ ချစ်ဇနီးကြောင့် ခရီးကနေ ချက်ချင်းပြန်လာတဲ့ ဏကြီး

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့အပြင်စိတ်ထားနူးညံ့တာချင်းလည်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချွဲတတ်တဲ့ကောင်မလေးနဲ့ အလိုလိုက်တဲ့ ကိုကြီးတို့ရဲ့ အိမ်ထောင်ရေးမျိုးမို့ အရမ်းကို Romantic ဆန်လွန်းလှပါတယ်။ ချစ်ရတဲ့အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွင်တဲ့ အိမ်ထောင်မှုဘဝလေးကို ဖန်တီးပုံဖော်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ လက်ရှိမှာ အလုပ်ကိစ္စကြောင့် ခဏခွဲနေရတာပါ။

လတ်တလောမှာတော့ သုသုလေးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတဲ့ ခင်ပွန်းကို ချွဲတဲ့စာလေးတင်လိုက်တာ ချက်ချင်းပြန်လာတော့မယ့် ချစ်တတ်လွန်းတဲ့ ခင်ပွန်းအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အပြင်ပန်းကြည့်ရင် အေးစက်စက်နိုင်ပေမယ့် ဒါရိုက်တာဏကြီးတစ်ယောက် ချစ်ဇနီးကို တော်တော်လေး အလိုလိုက်ပြီး ချစ်တတ်လွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အသေးစိတ်လေးတွေကအစ အရမ်းကို Romantic ဆန်လွန်းတဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်ချစ်ပရိသတ်တွေလည်း ချစ်ရသူနဲ့ အတူရှိနေတာမို့ အပျော်တွေ မရပ်နိုင်လောက်အောင်ပြုံးရွှင်နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။

No comments:

Powered by Blogger.