ကွတ်ခိုင်မြို့ပြင်တွင် ကျောင်းကြိုပို့ကား ပစ်ခံရပြီး လူ ၂ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်စစ်တောင်ခြေအနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက ကျောင်းကြိုကားတစီးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးက သေနတ်နဲ့ ပစ်ခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရသူတဦးက “ကျနော်တို့ကားကို လက်နက်ကိုင်တဦးက လက်ညှိုးနဲ့ထိုးပြီးတာနဲ့ တန်းပစ်တော့တာပဲ။ ကျနော်တို့က ကျောင်းသားကလေးတွေကို သွားကြိုတာပါ။ ပြည်ထောင်စုလမ်းမပေါ် လွယ်ဆမ်စစ် တောင်ခြေအနီးမှာ ပစ်ခံရတာပါ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ၂ ဦးဟာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၁)မှာ ဖွင့်လှစ်ထားတဲ့ ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းက ဂိုက် ဆရာ ကိုလိုင်နန်နဲ့ ကားဆရာ ကိုထင်ဆန်းတို့ ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ ကားရှေ့မှန်ကွဲပျက်သွားခဲ့ပြီး နှစ်ဦးစလုံးမှာ မှန်စကွဲထိဒဏ်ရာရရှိခဲ့ ပေမယ့် ဒဏ်ရာက စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။
လက်ရှိအချိန်ထိ ကွတ်ခိုင်မြို့ဝန်းကျင်မှာ ပစ်ခတ်သံတွေကြားနေရပြီး တပ်မတော်နဲ့ တီအန်အယ်အေ တအာင်းတပ်ဖွဲ့တွေ နှစ်ဖက် စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့ပြင်က ပြည်ထောင်စုလမ်းမကြီးပေါ်မှာရော ကျောက်မဲမြို့နယ်ထဲမှာပါ တပ်မတော်နဲ့ ပလောင်လက်နက်ကိုင်အဖွဲ့တို့ မနေ့မနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့ပါတယ်။
အဆိုပါပစ်ခတ်မှုတွေကြောင့် ကွတ်ခိုင်ရှိ တအာန်း ပညာရေးဘော်ဒါဆောင်ကို လက်နက်ထိမှန်တဲ့ အတွက် ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အနီးနားကျေးရွာက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ဆမ္စစ္ေတာင္ေျခအနီး ျပည္ေထာင္စု လမ္းမႀကီးေပၚမွာ ဒီကေန႔မနက္ပိုင္းက ေက်ာင္းႀကိဳကားတစီးကို အမည္မသိ လက္နက္ကိုင္တပ္ဖြဲ႕ဝင္တဦးက ေသနတ္နဲ႔ ပစ္ခဲ့လို႔ လူ ၂ ဦး ဒဏ္ရာရရွိသြားပါတယ္။
ဒဏ္ရာရသူတဦးက “က်ေနာ္တို႔ကားကို လက္နက္ကိုင္တဦးက လက္ညႇိဳးနဲ႔ထိုးၿပီးတာနဲ႔ တန္းပစ္ေတာ့တာပဲ။ က်ေနာ္တို႔က ေက်ာင္းသားကေလးေတြကို သြားႀကိဳတာပါ။ ျပည္ေထာင္စုလမ္းမေပၚ လြယ္ဆမ္စစ္ ေတာင္ေျခအနီးမွာ ပစ္ခံရတာပါ” လို႔ ေျပာပါတယ္။
ေသနတ္နဲ႔ ပစ္ခံရသူ ၂ ဦးဟာ ကြတ္ခိုင္ၿမိဳ႕၊ ရပ္ကြက္(၁)မွာ ဖြင့္လွစ္ထားတဲ့ ဧလ်ာဇာ ကိုယ္ပိုင္အထက္တန္းေက်ာင္းက ဂိုက္ ဆရာ ကိုလိုင္နန္နဲ႔ ကားဆရာ ကိုထင္ဆန္းတို႔ ျဖစ္ပါတယ္။
ေသနတ္နဲ႔ပစ္ခံရလို႔ ကားေရွ႕မွန္ကြဲပ်က္သြားခဲ့ၿပီး ႏွစ္ဦးစလုံးမွာ မွန္စကြဲထိဒဏ္ရာရရွိခဲ့ ေပမယ့္ ဒဏ္ရာက စိုးရိမ္ရတဲ့ အေနအထားမရွိပါဘူး။
လက္ရွိအခ်ိန္ထိ ကြတ္ခိုင္ၿမိဳ႕ဝန္းက်င္မွာ ပစ္ခတ္သံေတြၾကားေနရၿပီး တပ္မေတာ္နဲ႔ တီအန္အယ္ေအ တအာင္းတပ္ဖြဲ႕ေတြ ႏွစ္ဖက္ စစ္ေရး လႈပ္ရွားမႈေတြ ရွိေနပါတယ္။
ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ ကြတ္ခိုင္ၿမိဳ႕ျပင္က ျပည္ေထာင္စုလမ္းမႀကီးေပၚမွာေရာ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာပါ တပ္မေတာ္နဲ႔ ပေလာင္လက္နက္ကိုင္အဖြဲ႕တို႔ မေန႔မနက္က တိုက္ပြဲအျပင္းအထန္ျဖစ္ပြါးခဲ့ပါတယ္။
အဆိုပါပစ္ခတ္မႈေတြေၾကာင့္ ကြတ္ခိုင္ရွိ တအာန္း ပညာေရးေဘာ္ဒါေဆာင္ကို လက္နက္ထိမွန္တဲ့ အတြက္ ဆရာဆရာမနဲ႔ ေက်ာင္းသူ ေက်ာင္းသားေတြ၊ အနီးနားေက်း႐ြာက ႐ြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရပါတယ္။

No comments: