ကျုံဒိုး ဗုံးခွဲတရားခံဖမ်းမမိသေး၊ ပြည်နယ်ရဲတပ်ဖွဲ့ လိုက်လံစုံစမ်းနေ
ကျုံဒိုးမြို့တန်ဆောင်တိုင်ပွဲတော်မှာ ရဲလုံခြုံရေးကားကို လက်ပစ်ဗုံးနဲ့ ပစ်သွားတဲ့ တရားခံကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီး ဦးအောင်မြတ်မိုးက ပြောပါတယ်။
ကရင်ပြည်နယ် ကျုံးဒိုးမြို့မှာကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေး ရဲကင်းလှည့် နေတဲ့ကားကို မနေ့ည ၈ နာရီခွဲလောက်က ဆိုင်ကယ်စီးသူတဦးက ကားနောက်ခန်းကိုလက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့လို့ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲက ၉ ဦးက ဘားအံဆေးရုံမှာဆေးကုသမှုခံယူနေရပြီး ၃ ဦးကတော့ ကျုံဒိုးဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူနေရပါတယ်။
ဆေးရုံတက်ကုသမှုခံနေရသူတွေထဲမှာ ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ကြပ်ကြီး ၂ ဦးတို့ ပါဝင်ပါတယ်။ ဒဏ်ရာရရှိပြီး ဆေးရုံတက်နေသူတွေကို အချိန်မီဆေးကုသမှု ပေးနေပြီး လူနာတွေကတော့ ဆိုးဆိုးဝါးဝါးအသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားမရှိဘူးလို့ ဘားအံမြို့မဆေးရုံ တာဝန်ရှိသူ ဒေါက်တာရဲကျော်သူက ပြောပါတယ်။
ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေတဲ့လူနာတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
အခင်းဖြစ်တဲ့ နေရာတဝိုက်မှာ စျေးဝယ်သူတွေ၊ အိမ်ရှေ့သန့်ရှင်းရေးလုပ်နေတဲ့သူတွေ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ကားစောင့်ဆိုင်းနေသူတဦးဖြစ်တဲ့ ကိုဇော်ဝမ်း(ခ)ကျော်သူရ ကတော့ ဦးခေါင်းကို ဗုံးဆန်ထိမှန်သေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့အရပ်သားတဦးရဲ့ဖခင်ကတော့ “ရဲကားဗုံးကွဲခံရမှု ဖြစ်စဉ်ကြောင့် သားလေးသေဆုံးသွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး နောက်နောင်ဒီလိုမျိုးဖြစ်စဉ်တွေ လုံးဝမဖြစ်စေချင်ဘူး”လို့ ပြောပါတယ်။
လုံခြုံရေးရဲကားကို လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်သူဟာ ပစ်ပေါက်ပြီးတဲ့နောက်မှာ ကျုံဒိုးချောင်းဖျားဘက်ကို ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေရဲ့ပြောဆို ချက်အရ သိရပါတယ်။
ဗုံးကြောင့်ပျက်စီးသွားတဲ့ ရဲလှည့်ကင်းကားကိုတော့ ကျုံဒုံးမြို့နယ်ရဲစခန်းမှာပြန်လည် သိမ်းဆည်းထားပြီး ဗုံးခွဲတရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့အတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းကြိုးပမ်းနေပါတယ်၊
က်ဳံဒိုးၿမိဳ႕တန္ေဆာင္တိုင္ပြဲေတာ္မွာ ရဲလုံၿခဳံေရးကားကို လက္ပစ္ဗုံးနဲ႔ ပစ္သြားတဲ့ တရားခံကို ဖမ္းဆီးႏိုင္ဖို႔ စုံစမ္းစစ္ေဆးေနတယ္လို႔ ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မႉးႀကီး ဦးေအာင္ျမတ္မိုးက ေျပာပါတယ္။
ကရင္ျပည္နယ္ က်ဳံးဒိုးၿမိဳ႕မွာက်င္းပတဲ့ တန္ေဆာင္တိုင္ပြဲေတာ္မွာ လုံၿခဳံေရး ရဲကင္းလွည့္ ေနတဲ့ကားကို မေန႔ည ၈ နာရီခြဲေလာက္က ဆိုင္ကယ္စီးသူတဦးက ကားေနာက္ခန္းကိုလက္ပစ္ဗုံးနဲ႔ ပစ္သြင္းခဲ့လို႔ ေပါက္ကြဲမႈျဖစ္ပြားၿပီး ရဲ ၃ ဦးနဲ႔ အရပ္သား ၁ ဦးေသဆုံးကာ ၁၁ ဦး ဒဏ္ရာရ ရွိခဲ့ပါတယ္။
ဒဏ္ရာရရွိသူေတြထဲက ၉ ဦးက ဘားအံေဆး႐ုံမွာေဆးကုသမႈခံယူေနရၿပီး ၃ ဦးကေတာ့ က်ဳံဒိုးေဆး႐ုံမွာ တက္ေရာက္ၿပီး ေဆးကုသမႈခံယူေနရပါတယ္။
ေဆး႐ုံတက္ကုသမႈခံေနရသူေတြထဲမွာ ရဲအရာရွိ ၂ ဦးနဲ႔ ရဲတပ္ၾကပ္ႀကီး ၂ ဦးတို႔ ပါဝင္ပါတယ္။ ဒဏ္ရာရရွိၿပီး ေဆး႐ုံတက္ေနသူေတြကို အခ်ိန္မီေဆးကုသမႈ ေပးေနၿပီး လူနာေတြကေတာ့ ဆိုးဆိုးဝါးဝါးအသက္အႏၲရာယ္ရွိႏိုင္တဲ့ အေနအထားမရွိဘူးလို႔ ဘားအံၿမိဳ႕မေဆး႐ုံ တာဝန္ရွိသူ ေဒါက္တာရဲေက်ာ္သူက ေျပာပါတယ္။
ဒဏ္ရာရရွိၿပီး ေဆးကုသမႈခံယူေနတဲ့လူနာေတြကို ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္အပါအဝင္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒တို႔က လာေရာက္ၾကည့္ရႈ အားေပးခဲ့ပါတယ္။
အခင္းျဖစ္တဲ့ ေနရာတဝိုက္မွာ ေစ်းဝယ္သူေတြ၊ အိမ္ေရွ႕သန႔္ရွင္းေရးလုပ္ေနတဲ့သူေတြ ထိခိုက္ဒဏ္ရာေတြရရွိခဲ့ၿပီး ကားေစာင့္ဆိုင္းေနသူတဦးျဖစ္တဲ့ ကိုေဇာ္ဝမ္း(ခ)ေက်ာ္သူရ ကေတာ့ ဦးေခါင္းကို ဗုံးဆန္ထိမွန္ေသဆုံးသြားပါတယ္။
ေသဆုံးသြားတဲ့အရပ္သားတဦးရဲ႕ဖခင္ကေတာ့ “ရဲကားဗုံးကြဲခံရမႈ ျဖစ္စဥ္ေၾကာင့္ သားေလးေသဆုံးသြားတဲ့အတြက္ အလြန္စိတ္မေကာင္းျဖစ္ရၿပီး ေနာက္ေနာင္ဒီလိုမ်ိဳးျဖစ္စဥ္ေတြ လုံးဝမျဖစ္ေစခ်င္ဘူး”လို႔ ေျပာပါတယ္။
လုံၿခဳံေရးရဲကားကို လက္ပစ္ဗုံးနဲ႔ လာေရာက္ပစ္ေပါက္သူဟာ ပစ္ေပါက္ၿပီးတဲ့ေနာက္မွာ က်ဳံဒိုးေခ်ာင္းဖ်ားဘက္ကို ဆိုင္ကယ္နဲ႔ ေမာင္းႏွင္ထြက္ေျပးသြားတယ္လို႔ ေဒသခံေတြရဲ႕ေျပာဆို ခ်က္အရ သိရပါတယ္။
ဗုံးေၾကာင့္ပ်က္စီးသြားတဲ့ ရဲလွည့္ကင္းကားကိုေတာ့ က်ဳံဒုံးၿမိဳ႕နယ္ရဲစခန္းမွာျပန္လည္ သိမ္းဆည္းထားၿပီး ဗုံးခြဲတရားခံကို အျမန္ဆုံးဖမ္းဆီးႏိုင္ဖို႔အတြက္ ကရင္ျပည္နယ္ရဲတပ္ဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရးယူထားတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ပူးေပါင္းႀကိဳးပမ္းေနပါတယ္၊

No comments: