အာဆင်နယ်ကို ပြောင်းခွင့်မပေးလို့ အသင်းကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မာရက်ဇ်

လက်စတာစီးတီးကြယ်ပွင့် မာရက်ဇ်ဟာ နောက်ဆုံးမှာတော့ ၂၀၁၈ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ပေါင် ၆၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ယင်းမတိုင်မီမှာ လက်စတာစီးတီးအသင်းကနေ ထွက်ခွာမှာကို ပိတ်ဆို့ခြင်းခံခဲဲ့ရတာဖြစ်ပါတယ်။
မာရက်ဇ်က လက်စတာစီးတီးအသင်းအနေနဲ့ ၎င်းအသက် ၂၇ နှစ်မတိုင်ခင် အသင်းကြီးတစ်သင်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာဟာ အမြင့်မားဆုံးအဆင့်မှာ ကစားခွင့်ရမယ့် ၂ နှစ်ကို အဓမ္မလုယက်ခြင်း ခံခဲ့ရတာဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“ပရီးမီးယားလိဂ်ဆုဖလားရပြီးနောက်မှာ တကယ်လို့ ကျွန်တော် ထိပ်တန်းအသင်းအတွက် အသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် တူညီတဲ့ဇာတ်လမ်းမျိုးဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ အမြင့်မားဆုံးအဆင့်မှာ ကစားရမယ့် ၂ နှစ်ကို ဆုံးရှုံးခဲ့ရတယ်ဆိုတာ ရှင်းပါတယ်”
“ကျွန်တော် ၂ နှစ် ဆုံးရှုံးခဲ့တယ်။ မန်ချက်စတာစီးတီးကို အသက် ၂၇ နှစ်မှာ ရောက်ရမယ့်အစား ၂၄၊ ၂၅ နှစ်ကတည်းက ရောက်ရမှာမို့လို့ပါ”
“လက်စတာက ကျွန်တော့်ကို ပိတ်ဆို့တားဆီးခဲ့တယ်။ သူတို့က ကျွန်တော့်ကို ပြောတယ်။ မင်း မသွားရဘူး။ မင်း မသွားရဘူးတဲ့။ ကျွန်တော့်ရဲ့အေးဂျင့်က ကျွန်တော့်ကို တကယ်လိုချင်နေတဲ့ အာစင်ဝင်းဂါးနဲ့ စကားပြောခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့က အားလုံးပြီးစီးလုနီးပါးဖြစ်နေခဲ့ပါတယ်”
“ကျွန်တော် တကယ်ကို စိတ်ပျက်မိခဲ့ပါတယ်။ တန်းဆင်းရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့ တိုက်ပွဲဝင်နေရတဲ့အသင်းရဲ့ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်လာဖို့က မလွယ်ကူပါဘူး။ အဲဒါက တူညီတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ အားလုံးက ခင်ဗျားကို နေရာတိုင်းမှာ စောင့်ဆိုင်းနေပါတယ်”လို့ France Football ကို ပြောကြားခဲ့ပါတယ်။
လက္စတာစီးတီးၾကယ္ပြင့္ မာရက္ဇ္ဟာ ေနာက္ဆုံးမွာေတာ့ ၂၀၁၈ ခုႏွစ္မွာ မန္ခ်က္စတာစီးတီးအသင္းကို ေပါင္ ၆၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ယင္းမတိုင္မီမွာ လက္စတာစီးတီးအသင္းကေန ထြက္ခြာမွာကို ပိတ္ဆို႔ျခင္းခံခဲဲ့ရတာျဖစ္ပါတယ္။
မာရက္ဇ္က လက္စတာစီးတီးအသင္းအေနနဲ႔ ၎အသက္ ၂၇ ႏွစ္မတိုင္ခင္ အသင္းႀကီးတစ္သင္းကို ေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့တာဟာ အျမင့္မားဆုံးအဆင့္မွာ ကစားခြင့္ရမယ့္ ၂ ႏွစ္ကို အဓမၼလုယက္ျခင္း ခံခဲ့ရတာျဖစ္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။
“ပရီးမီးယားလိဂ္ဆုဖလားရၿပီးေနာက္မွာ တကယ္လို႔ ကြၽန္ေတာ္ ထိပ္တန္းအသင္းအတြက္ အသင္းကို စြန႔္ခြာခဲ့မယ္ဆိုရင္ တူညီတဲ့ဇာတ္လမ္းမ်ိဳးျဖစ္လာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္အတြက္ကေတာ့ အျမင့္မားဆုံးအဆင့္မွာ ကစားရမယ့္ ၂ ႏွစ္ကို ဆုံးရႈံးခဲ့ရတယ္ဆိုတာ ရွင္းပါတယ္”
“ကြၽန္ေတာ္ ၂ ႏွစ္ ဆုံးရႈံးခဲ့တယ္။ မန္ခ်က္စတာစီးတီးကို အသက္ ၂၇ ႏွစ္မွာ ေရာက္ရမယ့္အစား ၂၄၊ ၂၅ ႏွစ္ကတည္းက ေရာက္ရမွာမို႔လို႔ပါ”
“လက္စတာက ကြၽန္ေတာ့္ကို ပိတ္ဆို႔တားဆီးခဲ့တယ္။ သူတို႔က ကြၽန္ေတာ့္ကို ေျပာတယ္။ မင္း မသြားရဘူး။ မင္း မသြားရဘူးတဲ့။ ကြၽန္ေတာ့္ရဲ႕ေအးဂ်င့္က ကြၽန္ေတာ့္ကို တကယ္လိုခ်င္ေနတဲ့ အာစင္ဝင္းဂါးနဲ႔ စကားေျပာခဲ့တယ္။ ၂၀၁၆ ခုႏွစ္မွာ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕က အားလုံးၿပီးစီးလုနီးပါးျဖစ္ေနခဲ့ပါတယ္”
“ကြၽန္ေတာ္ တကယ္ကို စိတ္ပ်က္မိခဲ့ပါတယ္။ တန္းဆင္းရမယ့္အေရးကို ေရွာင္လႊဲႏိုင္ဖို႔ တိုက္ပြဲဝင္ေနရတဲ့အသင္းရဲ႕ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ကစားၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆုံးကစားသမားျဖစ္လာဖို႔က မလြယ္ကူပါဘူး။ အဲဒါက တူညီတဲ့အလုပ္တစ္ခုမဟုတ္ပါဘူး။ အားလုံးက ခင္ဗ်ားကို ေနရာတိုင္းမွာ ေစာင့္ဆိုင္းေနပါတယ္”လို႔ France Football ကို ေျပာၾကားခဲ့ပါတယ္။

No comments:

Powered by Blogger.