ရုံးရဲ ့ခေါင်မိုး အချိန်မရွေး ပြိုကျနိုင်လို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး အလုပ်လုပ်နေရသည့် ဝန်ထမ်းများ
ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းပြီး အလုပ်လုပ်နေတဲ့ လျှပ်စစ်ရုံးတခုက ဝန်ထမ်းတွေအကြောင်းဟာ သတင်းမီဒီယာတွေထက်မှာ အခုတလော ရေပန်းစားလို့နေပါတယ်။
ဒီရုံးဟာ အူတရာပရာဒတ်ရှ်ပြည်နယ် ဘန်ဒါမြို့မှာ တည်ရှိပြီး အဲဒီရုံးကိုသွားရင် ရုံးဝန်ထမ်းတိုင်းဟာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး အလုပ်လုပ်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အလုပ်ချိန်မှာတောင် ဦးထုပ်ကြီးတွေ ဆောင်းထားလို့ ဒီလူတွေဟာ ဆိုင်ကယ်စီးတာကို အမှန်တကယ် ကြိုက်နှစ်သက်သူတွေလို့ ထင်စရာရှိပါတယ်။ တကယ်တော့ ဒီလို မဟုတ်ပါဘူး။ သူတို့ရုံးရဲ့အမိုးဟာ အချိန်မရွေး ပြိုကျနိုင်လို့ ဒီဝန်ထမ်းတွေဟာ ဦးထုပ်ဆောင်းပြီး အလုပ်လုပ်နေရတာပဲ ဖြစ်ပါတယ်။
ဒီရုံးရဲ့ အမိုးဟာ လုံးဝကို ယိုယွင်းနေပြီး အချိန်မရွေး ပြိုကျနိုင်ပါတယ်။ ဒါကြောင့် အမိုးပြိုကျခဲ့ရင် ထိခိုက်ဒဏ်ရာရရှိမှုနည်းအောင် ဝန်ထမ်းတွေက ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားရတာလို့ ANI သတင်းမှာ ဖော်ပြပါတယ်။
ရုံးအခြေအနေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဟိုးအရင်နှစ်တွေကတည်းက အကြောင်းကြားခဲ့ပေမယ့်လည်း အခုချိန်ထိ တစုံတရာ ပြောင်းလဲသွားတာမျိုး မရှိဘူးလို့ ရုံးဝန်ထမ်းတွေက သတင်းထောက်ကို ပြောပါတယ်။
“ကျနော် အလုပ်စဝင်တဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီအတိုင်းပါပဲ။ ဒီအကြောင်းကို အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပေမယ့် ဘာမှ ပြန်မပြောခဲ့ပါဘူး” လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။ ANI ရဲ့ သတင်းထုတ်လွှင့်မှုမှာလည်း ဝန်ထမ်းတွေရဲ့ စကားဟာ မှန်ကန်တယ်ဆိုတာ သက်သေပြနေပါတယ်။ ရုံးရဲ့အမိုးဟာ အပေါက်တွေ ပေါက်နေပြီးတော့ အမိုးကို အလယ်ကနေ ထောက်ပေးထားတဲ့ တိုင်ဟာလည်း တဖြည်းဖြည်း အောက်ကို ပိုကျနေပါတယ်။”
ဒီရုံးရဲ့အခြေအနေနဲ့ ရုံးဝန်ထမ်းတွေရဲ့ ဒုက္ခကို ANI သတင်းဌာနက အွန်လိုင်းမှာ ရိုက်ကူးမျှဝေခဲ့ပြီး ဒီဗွီဒီယိုဟာ အချိန်တိုအတွင်းမှာပဲ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။
( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )
ဆိုင္ကယ္စီးဦးထုပ္ေတြ ေဆာင္းၿပီး အလုပ္လုပ္ေနတဲ့ လွ်ပ္စစ္႐ုံးတခုက ဝန္ထမ္းေတြအေၾကာင္းဟာ သတင္းမီဒီယာေတြထက္မွာ အခုတေလာ ေရပန္းစားလို႔ေနပါတယ္။
ဒီ႐ုံးဟာ အူတရာပရာဒတ္ရွ္ျပည္နယ္ ဘန္ဒါၿမိဳ႕မွာ တည္ရွိၿပီး အဲဒီ႐ုံးကိုသြားရင္ ႐ုံးဝန္ထမ္းတိုင္းဟာ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းၿပီး အလုပ္လုပ္ေနတာကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။
ဒီလိုမ်ိဳး အလုပ္ခ်ိန္မွာေတာင္ ဦးထုပ္ႀကီးေတြ ေဆာင္းထားလို႔ ဒီလူေတြဟာ ဆိုင္ကယ္စီးတာကို အမွန္တကယ္ ႀကိဳက္ႏွစ္သက္သူေတြလို႔ ထင္စရာရွိပါတယ္။ တကယ္ေတာ့ ဒီလို မဟုတ္ပါဘူး။ သူတို႔႐ုံးရဲ႕အမိုးဟာ အခ်ိန္မေ႐ြး ၿပိဳက်ႏိုင္လို႔ ဒီဝန္ထမ္းေတြဟာ ဦးထုပ္ေဆာင္းၿပီး အလုပ္လုပ္ေနရတာပဲ ျဖစ္ပါတယ္။
ဒီ႐ုံးရဲ႕ အမိုးဟာ လုံးဝကို ယိုယြင္းေနၿပီး အခ်ိန္မေ႐ြး ၿပိဳက်ႏိုင္ပါတယ္။ ဒါေၾကာင့္ အမိုးၿပိဳက်ခဲ့ရင္ ထိခိုက္ဒဏ္ရာရရွိမႈနည္းေအာင္ ဝန္ထမ္းေတြက ဆိုင္ကယ္စီးဦးထုပ္ ေဆာင္းထားရတာလို႔ ANI သတင္းမွာ ေဖာ္ျပပါတယ္။
႐ုံးအေျခအေနနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြကို ဟိုးအရင္ႏွစ္ေတြကတည္းက အေၾကာင္းၾကားခဲ့ေပမယ့္လည္း အခုခ်ိန္ထိ တစုံတရာ ေျပာင္းလဲသြားတာမ်ိဳး မရွိဘူးလို႔ ႐ုံးဝန္ထမ္းေတြက သတင္းေထာက္ကို ေျပာပါတယ္။
“က်ေနာ္ အလုပ္စဝင္တဲ့ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက ဒီအတိုင္းပါပဲ။ ဒီအေၾကာင္းကို အာဏာပိုင္ေတြဆီ အေၾကာင္းၾကားခဲ့ေပမယ့္ ဘာမွ ျပန္မေျပာခဲ့ပါဘူး” လို႔ အမည္မေဖာ္လိုတဲ့ ဝန္ထမ္းတဦးက ေျပာပါတယ္။ ANI ရဲ႕ သတင္းထုတ္လႊင့္မႈမွာလည္း ဝန္ထမ္းေတြရဲ႕ စကားဟာ မွန္ကန္တယ္ဆိုတာ သက္ေသျပေနပါတယ္။ ႐ုံးရဲ႕အမိုးဟာ အေပါက္ေတြ ေပါက္ေနၿပီးေတာ့ အမိုးကို အလယ္ကေန ေထာက္ေပးထားတဲ့ တိုင္ဟာလည္း တျဖည္းျဖည္း ေအာက္ကို ပိုက်ေနပါတယ္။”
ဒီ႐ုံးရဲ႕အေျခအေနနဲ႔ ႐ုံးဝန္ထမ္းေတြရဲ႕ ဒုကၡကို ANI သတင္းဌာနက အြန္လိုင္းမွာ ႐ိုက္ကူးမွ်ေဝခဲ့ၿပီး ဒီဗြီဒီယိုဟာ အခ်ိန္တိုအတြင္းမွာပဲ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့တယ္လို႔ သိရပါတယ္။
( ယခုေဖာ္ျပပါသတင္းကို DVB Multimedia Group ထံမွ တရားဝင္ဝယ္ယူၿပီး ျပန္လည္ေဖာ္ျပပါသည္ )

No comments: