မွေးကင်းစကလေးငယ်တစ်ဦး ရေတွင်းထဲ ပစ်ချခံရပြီး သေဆုံး
မော်လမြိုင်- ကျိုက်မရော လမ်းမပေါ်က မင်းရွာရှိ သုဿန် အကျော် ရာဘာခြံ အတွင်းက ရေတွင်းထဲမှာ မွေးကင်းစကလေးငယ်တစ်ဦး ပစ်ချခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။
အဆိုပါ ကလေးငယ်ကို နိုဝင်ဘာ ၁၁ ရက် ည (၇) နာရီလောက်က ရေတွင်းထဲနစ်မြုပ်နေတာကို တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ (၃) ရက်ခန့်ကတည်းက လာရောက်စွန့်ပစ်သွားခဲ့တာလို့ ယူဆရကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ကိုဘိုဘိုဝင်းက Duwun ကိုပြောပါတယ်။
ကလေးက ရက်သားပဲ ရှိဦးမယ်။ ယောင်္ကျားလေးပါ။ ချက်ကြိုးတန်းလန်းနဲ့ ရေတွင်းထဲပစ်ချထားတာ။ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ အလောင်းကတော့ ပုပ်ပွနေပြီ” လို့ ကိုဘိုဘိုဝင်းက ဆိုပါတယ်။
လက်ရှိတော့ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ကတော့ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေပြီး အဆိုပါ ရွာမှာ ကလေးမွေးထားသူ ရှိမရှိ လိုက်လံစုံစမ်းနေဆဲဖြစ်ကာ တရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
သေဆုံးသွားခဲ့တဲ့ ကလေးငယ်ကို သက်ဆိုင်ရာကစစ်ဆေးပြီးနောက် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ မော်လမြိုင် အမျိုးသမီးနဲ့ကလေးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
No comments: