ဆိုရှယ်မီဒီယာပေါ်မှ ဖိလစ်ပိုင် ကျောက်ကပ်အရောင်းအဝယ် ဈေးကွက်

ဖိလစ်ပိုင်ရဲ့ အဆင်းရဲဆုံး ရပ်ကွက်မှာနေထိုင်ရတဲ့ ကားလို့စ်တစ်ယောက် မွေးကင်းစသမီးလေးကို အချစ်တွေပိုနေရသလို တစ်ဖက်ကလည်း သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
သမီးလေးကို အိမ်မှာမွေးဖွားလို့ မဖြစ်နိုင်ဘူးလို့ သားဖွားဆရာမက ပြောခဲ့ပြီးတဲ့နောက် ကားလို့စ့်ရဲ့ဇနီးဟာ ကလေးမွေးရန် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက် ကလေးမွေးရန် ကားလို့စ်တို့မိသားစုမှာ အစီအစဥ်မရှိသလို ကုန်ကျစရိတ်ကိုလည်း သူတို့ မတတ်နိုင်ကြပါဘူး။ သမီးလေးမွေးပြီးနောက် ဆေးရုံကုန်ကျစရိတ် ဖိလစ်ပိုင်ပီဆိုငွေ ၁၄,၀၀၀ (မြန်မာကျပ်ငွေ ၄၀၀,၀၀၀ ကျော်) ကို ကားလို့စ်တစ်ယောက် ဘယ်လိုရှာရမလဲ မသိပါဘူး။

သူတို့မိသားစုက ဆေးရုံဆင်းပြီး အိမ်ကိုအရမ်းပြန်ချင်နေပေမဲ့လည်း မပြန်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဖြေရှင်းနည်းကို ကားလို့စ် တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ အဆင်းရဲဆုံး ရပ်ကွက်တစ်ခုမှာ နှစ်များကြာအောင် နေထိုင်လာခဲ့တာက ငွေအသည်းအသန်းလိုအပ်ချိန်မှာ ဘယ်နေရာကနေရှာရမလဲဆိုတာ ကားလို့စ်ကို သင်ကြားပေးခဲ့သလိုပါပဲ။

ငွေရှာဖို့အကြံရသွားတဲ့ ကားလို့စ်က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ Facebook ကိုဝင်ပြီး စာကြောင်းတိုလေး ရေးသားထားတဲ့ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ဒီပို့စ်လေးက သူ့အတွက် ငွေရှာပေးနိုင်မယ်လို့ ကားလို့စ် မျှော်လင့်ထားခဲ့ပါတယ်။ သူ့ရဲ့ပို့စ်က “ကျွန်တော့်ရဲ့ ကျောက်ကပ်တစ်လုံးကို ရောင်းပါမယ်၊ ကျွန်တော့်ကိုဆက်သွယ်ပါ၊ တစ်ကယ်ပြောတာပါ၊ ကျေဇူးပြုပြီး တစ်ကယ် မဝယ်ဘဲနဲ့ မပြောပါနဲ့” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ကားလို့စ်ဟာ Facebook ပေါ်မှာ သူတို့ရဲ့ကျောက်ကပ်တွေ ရောင်းမယ်လို့ ကြော်ငြာထားသူ ၁၄ ဦးအနက်က တစ်ဦးပါ။ ကျောက်ကပ်ရောင်းမယ်သူတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေ၊ သွေးအမျိုးအစားတွေနဲ့ သူတို့ အရေးပေါ်ငွေလိုနေကြောင်းကို မျှဝေပြောပြထားခဲ့ကြပါတယ်။ အခုနှစ် ဇူလိုင် ၂၆ ရက်မှာ ဒီလိုကြော်ငြာထားတာကို စတင်တွေ့ခဲ့ရပြီး ကိုယ်တွင်းအင်္ဂါရောင်းဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါက ဆိုရှယ်မီဒီယာမှာ တွေ့ရတာတွေ အများအပြားထဲက တစ်ခုပဲဖြစ်ပါတယ်။

“ဆရာဝန်က ကျွန်တော့်မိသားစုကို ဘယ်တော့အိမ်ပြန်ခေါ်နိုင်မလဲလို့ မေးခဲ့ကြတုန်းက ကျွန်တော် အရမ်းကို စိတ်ဖိစီးမှုဖြစ်ပြီး သောကရောက်ခဲ့ရပါတယ်၊ ကျွန်တော့်မှာ သူတို့ကို အိမ်ပြန်ခေါ်ဖို့အတွက် ဆေးရုံကုန်ကျစရိတ်ပေးဖို့ ပိုက်ဆံမရှိဘူးလေ၊ ကျွန်တော် နည်းလမ်းရှာပြီး ပိုက်ဆံရနိုင်အောင် လုပ်မယ်လို့ ဆရာဝန်ကို ပြောခဲ့ရတယ်” လို့ ကားလို့စ်က လူဇွန်အလယ်ပိုင်းဒေသရှိ ၎င်းရဲ့အိမ်ငယ်လေးထဲမှာ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့သမီးလေးကတော့ သွေးနုသားနု မိခင်ရဲ့ဘေးမှာ အိပ်မောကျနေရှာပါတယ်။

“ကျွန်တော် ကျွန်တော့်ဖုန်းကို ငွေဖြည့်လိုက်တယ်၊ ပြီးနောက် Facebook မှာ kidney for sale လို့ ရိုက်ပြီး လိုက်ရှာကြည့်တယ်၊ တချို့က အလှူရှင်ရှာနေကြတာ တွေ့တယ်၊ အခြားလူတွေက ကျောက်ကပ်ဝယ်မယ်လို့ ကမ်းလှမ်းထားတာ တွေ့ရတယ်” လို့ ကားလို့စ်က ဆက်လက်ပြောပါတယ်။


ဖိလစ်ပိုင်မှာ ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ ကျောက်ကပ်အတွက် ဆိုရှယ်မီဒီယာမှာ ကြော်ငြာထားတာတွေကို တွေ့နေကျလည်း ဖြစ်ပါတယ်။ Facebook မှာ ‘kidney donation Philippines’ ဒါမှမဟုတ် ‘kidney fo sale’ လို့ ရိုက်ထည့်ရှာဖွေကြည့်ပါက ကိုယ်တွင်းအင်္ဂါပွဲစားတွေ၊ ကျောက်ကပ်ရောဂါသည်တွေနဲ့ ကျောက်ကပ်ရောင်းလိုသူတွေရဲ့ မရေတွက်နိုင်အောင် များပြားလှတဲ့ ပို့စ်တွေကို တွေ့ရမှာပါ။ သူတို့က ဆိုရှယ်မီဒီယာရဲ့ ပျံ့နှံ့ရောက်ရှိနိုင်မှုကို အသုံးပြုပြီး အရောင်းအဝယ်ဖြစ်ရန် ကြိုးပမ်းကြပါတယ်။

ဖိလစ်ပိုင်မှာ ကိုယ်တွင်းအင်္ဂါရောင်းဝယ်မှုက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဖိလစ်ပိုင်မှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှု၊ ကိုယ်အင်္ဂါအစားထိုးကုသမှု နေရာတွေရှိမှုနဲ့ အစိုးရက ကြီးကြပ်မှုနည်းပါးတာကြောင့် ကိုယ်အင်္ဂါအစားထိုးမှုအတွက် လာရောက်ကြတဲ့နိုင်အဖြစ် ကမ္ဘာတစ်ဝှမ်းက သိထားခဲ့ကြတာ ဆယ်စုနှစ်များကြာပြီ ဖြစ်ပါတယ်။


အသစ်အဆန်းဖြစ်လာတာကတော့ ဖိလစ်ပိုင် ကိုယ်တွင်းအင်္ဂါ အရောင်းအဝယ်ဈေးကွက်က ဆိုရှယ်မီဒီယာပေါ် ရောက်လာတာပါပဲ။ ဒါပေမဲ့ ကိုယ်တွင်းအင်္ဂါရောင်းဝယ်မှုက လျှို့ဝှက်လုပ်ဆောင်ကြပြီး အွန်လိုင်းမှာ အမည်လျှို့ဝှက်ထားကြတာဖြစ်လို့ သက်ဆိုင်ရာ အရာရှိတွေက ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်သူတွေကို ခြေရာခံရန် ခက်ခဲကြပါတယ်။

“အခုအချိန်မှာ ဆိုရှယ်မီဒီယာလို အွန်လိုင်းပလက်ဖောင်းတွေသုံးပြီး လိင်ကိစ္စအတွက် ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပုံစံမျိုးစုံနဲ့ အချင်းချင်း အရောင်းအဝယ် လုပ်နေကြတာ လေ့လာတွေ့ရှိရပါတယ်” လို့ တရားရေးဌာနအောက်မှ Inter-Agency Council Against Trafficking ရဲ့ လက်ထောက်အကြီးအကဲ Yvette T Coronel က ပြောပါတယ်။

“မှောင်ခိုဈေးကွက်မှာ ဝယ်လိုအားများတာရယ်၊ နောက်ပြီး ပေးတဲ့သူက ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း အသက်ရှင်နိုင်တာဆိုတာ့ ကျောက်ကပ်က အများဆုံး အရောင်းအဝယ်လုပ်ကြတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်နေတယ်” လို့ သူကဆိုပါတယ်။ ဖိလစ်ပိုင်ဥပဒေအရ ကိုယ်တွင်းအင်္ဂါအတွက် လူကုန်ကူးမှုအတွက် ကြီးလေးတဲ့ပြစ်ဒဏ် သတ်မှတ်ထားပြီ ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။

ဒါပေမဲ့လည်း ကားလို့စ်လို ငွေရှာဖို့အတွက် မျှော်လင့်ချက်ကုန်နေသူတွေကတော့ သူတို့ချစ်တဲ့သူတွေ ကောင်းဖို့အရေး ဒီလို တရားမဝင်တဲ့ အရောင်းအဝယ်ထဲမှာ ပါဝင်လာခဲ့ကြတာပါပဲ။ သုံးဘီးမောင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ကိုင်နေသူ ကားလို့စ်ဟာ သူ့ရဲ့ကျောက်ကပ်တစ်လုံးကို ထုတ်ရောင်းဖို့ စိတ်ကူးခဲ့စဥ်က ကြောက်လန့်ခဲ့မိပေမဲ့ သူ့မှာ ရွေးချယ်စရာမရှိခဲ့ဘူးလို့ ခံစားခဲ့ရကြောင်း ရင်ဖွင့်ခဲ့ပါတယ်။


ကားလို့စ်က သူ့ရဲ့ကျောက်ကပ်တစ်လုံးကို ရောင်းချပြီး ရရှိလာမယ့်ငွေကို ဆေးရုံကုန်ကျစရိတ်များပေးရန်၊ သုံးဘီးတစ်စီးဝယ်ရန်နဲ့ လုပ်ငန်းအသေးစားတစ်ခုလုပ်ရန် စီစဥ်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော့်ကျောက်ကပ်ရောင်းလိုက်နိုင်ရင် ကျွန်တော်တို့ဘဝတွေ ပိုတိုးတက်လာနိုင်ပြီး အခုလက်ရှိ နေထိုင်ရတဲ့ အခြေအနေတွေကနေ ပိုကောင်းတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်” လို့ ကားလို့စ်က ပြောပါတယ်။

အခြားနိုင်ငံတွေမှာကဲ့သို့ပင် Facebook ဟာ ဖိလစ်ပိုင်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပြီး ပုံမှန်အသုံးပြုနေသူ ၆၆ သန်းကျော်ရှိနေပါတယ်။ Facebook ရေပန်းစားမှုက ၎င်းတို့အကျိုးအမြတ်အတွက် အသုံးချလိုသူ အချို့သော ရာဇဝတ်မှုကျူးလွန်သူတွေကို ဆွဲဆောင်နေပါတယ်။

Facebook ပြောခွင့်ရပုဂ္ဂိုလ်က CAN သတင်းဌာနသို့ ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ လူသားတွေရဲ့ ကိုယ်အင်္ဂါများအပါအဝင် ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းဝယ်ခြင်းမပြုရန် ရှင်းလင်းတဲ့ စည်းမျဥ်းစည်းကမ်းများ သတ်မှတ်ထားရှိကြောင်း ပြောထားပါတယ်။ “ဒီလို အကြောင်းအရာတွေကို ကျွန်တော်တို့ တွေ့ရှိတာနဲ့ ဖယ်ရှားပစ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကိုလည်း အဲဒီစည်းမျဥ်းစည်းကမ်းတွေ ချိုးဖောက်ရာရောက်တယ်လို့ သူတို့ ထင်မြင်မိတဲ့ အကြောင်းအရာကို ကျွန်တော်တို့ဆီ သတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်” လို့ Facebook ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

သက်ဆိုင်ရာ ဖိလစ်ပိုင်အာဏာပိုင်တွေက ဆိုရှယ်မီဒီယာနဲ့ တစ်ကယ့်လက်တွေ့မှာပါ တရားမဝင် ကိုယ်အင်္ဂါရောင်းဝယ်ရေးကို ဟန့်တားတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေရှိပေမဲ့လည်း ဆင်းရဲလွန်းတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာတော့ ငွေရဖို့အတွက် ရွေးချယ်စရာမရှိတော့တဲ့အခါ ကျောက်ကပ်ထုတ်ရောင်းဖို့ စိတ်ကူးမိနိုင်ကြဆဲ ဖြစ်ပါတယ်။


လူဇွန်ကျွန်းအလယ်ပိုင်းမှာ နေထိုင်တဲ့ ကားလို့စ်ရဲ့ဖြစ်ရပ်မှာတော့ နောက်ဆုံးမှာ ဆေးရုံကုန်ကျစရိတ်တွေ ရှင်းဖို့အတွက် ငွေချေးယူနိုင်ခဲ့ပြီး သူ့ရဲ့ကျောက်ကပ်ကို ထုတ်ရောင်းစရာ မလိုခဲ့ပါဘူး။ ဒါပေမဲ့ သူ့မိသားစုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဝကို အိပ်မက်မက်နေသူ ကားလို့စ်က နောင်တစ်ချိန်ချိန်မှာ မိသားစုအတွက် အခုလိုမျိုး ငွေလိုအပ်လာခဲ့ရင်တော့ အခြေအနေ ပြောင်းလဲသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ “ကျွန်တော့်ဘဝမှာ ကျွန်တော့်မိသားစုက အရေးအကြီးဆုံးပဲဗျာ၊ ကျောက်ကပ်ထုတ်ရောင်းတာကတော့ ‌အမြဲတမ်း ရွေးချယ်စရာတစ်ခု ဖြစ်နေမှာပါပဲ” လို့ ကားလို့စ်က ဖွင့်ဟခဲ့ပါတယ်။
ဖိလစ္ပိုင္ရဲ႕ အဆင္းရဲဆုံး ရပ္ကြက္မွာေနထိုင္ရတဲ့ ကားလို႔စ္တစ္ေယာက္ ေမြးကင္းစသမီးေလးကို အခ်စ္ေတြပိုေနရသလို တစ္ဖက္ကလည္း သူ႔စိတ္ထဲမွာ စိုးရိမ္ပူပန္မႈေတြရွိေနပါတယ္။
သမီးေလးကို အိမ္မွာေမြးဖြားလို႔ မျဖစ္ႏိုင္ဘူးလို႔ သားဖြားဆရာမက ေျပာခဲ့ၿပီးတဲ့ေနာက္ ကားလို႔စ့္ရဲ႕ဇနီးဟာ ကေလးေမြးရန္ ေဆး႐ုံတက္ခဲ့ရပါတယ္။ ေဆး႐ုံတက္ ကေလးေမြးရန္ ကားလို႔စ္တို႔မိသားစုမွာ အစီအစဥ္မရွိသလို ကုန္က်စရိတ္ကိုလည္း သူတို႔ မတတ္ႏိုင္ၾကပါဘူး။ သမီးေလးေမြးၿပီးေနာက္ ေဆး႐ုံကုန္က်စရိတ္ ဖိလစ္ပိုင္ပီဆိုေငြ ၁၄,၀၀၀ (ျမန္မာက်ပ္ေငြ ၄၀၀,၀၀၀ ေက်ာ္) ကို ကားလို႔စ္တစ္ေယာက္ ဘယ္လိုရွာရမလဲ မသိပါဘူး။

သူတို႔မိသားစုက ေဆး႐ုံဆင္းၿပီး အိမ္ကိုအရမ္းျပန္ခ်င္ေနေပမဲ့လည္း မျပန္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ျဖစ္ႏိုင္ဖြယ္ရွိတဲ့ ေျဖရွင္းနည္းကို ကားလို႔စ္ တျဖည္းျဖည္း သေဘာေပါက္လာခဲ့ပါတယ္။ ဖိလစ္ပိုင္ရဲ႕ အဆင္းရဲဆုံး ရပ္ကြက္တစ္ခုမွာ ႏွစ္မ်ားၾကာေအာင္ ေနထိုင္လာခဲ့တာက ေငြအသည္းအသန္းလိုအပ္ခ်ိန္မွာ ဘယ္ေနရာကေနရွာရမလဲဆိုတာ ကားလို႔စ္ကို သင္ၾကားေပးခဲ့သလိုပါပဲ။

ေငြရွာဖို႔အႀကံရသြားတဲ့ ကားလို႔စ္က ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္မွာ Facebook ကိုဝင္ၿပီး စာေၾကာင္းတိုေလး ေရးသားထားတဲ့ ပို႔စ္တစ္ခုတင္ခဲ့ပါတယ္။ ဒီပို႔စ္ေလးက သူ႔အတြက္ ေငြရွာေပးႏိုင္မယ္လို႔ ကားလို႔စ္ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ သူ႔ရဲ႕ပို႔စ္က “ကြၽန္ေတာ့္ရဲ႕ ေက်ာက္ကပ္တစ္လုံးကို ေရာင္းပါမယ္၊ ကြၽန္ေတာ့္ကိုဆက္သြယ္ပါ၊ တစ္ကယ္ေျပာတာပါ၊ ေက်ဇူးျပဳၿပီး တစ္ကယ္ မဝယ္ဘဲနဲ႔ မေျပာပါနဲ႔” လို႔ ေရးသားထားခဲ့တာ ျဖစ္ပါတယ္။

ကားလို႔စ္ဟာ Facebook ေပၚမွာ သူတို႔ရဲ႕ေက်ာက္ကပ္ေတြ ေရာင္းမယ္လို႔ ေၾကာ္ျငာထားသူ ၁၄ ဦးအနက္က တစ္ဦးပါ။ ေက်ာက္ကပ္ေရာင္းမယ္သူေတြက သူတို႔ရဲ႕ ဖုန္းနံပါတ္ေတြ၊ ေသြးအမ်ိဳးအစားေတြနဲ႔ သူတို႔ အေရးေပၚေငြလိုေနေၾကာင္းကို မွ်ေဝေျပာျပထားခဲ့ၾကပါတယ္။ အခုႏွစ္ ဇူလိုင္ ၂၆ ရက္မွာ ဒီလိုေၾကာ္ျငာထားတာကို စတင္ေတြ႕ခဲ့ရၿပီး ကိုယ္တြင္းအဂၤါေရာင္းဝယ္သူေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ဆက္လက္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ ဒါက ဆိုရွယ္မီဒီယာမွာ ေတြ႕ရတာေတြ အမ်ားအျပားထဲက တစ္ခုပဲျဖစ္ပါတယ္။

“ဆရာဝန္က ကြၽန္ေတာ့္မိသားစုကို ဘယ္ေတာ့အိမ္ျပန္ေခၚႏိုင္မလဲလို႔ ေမးခဲ့ၾကတုန္းက ကြၽန္ေတာ္ အရမ္းကို စိတ္ဖိစီးမႈျဖစ္ၿပီး ေသာကေရာက္ခဲ့ရပါတယ္၊ ကြၽန္ေတာ့္မွာ သူတို႔ကို အိမ္ျပန္ေခၚဖို႔အတြက္ ေဆး႐ုံကုန္က်စရိတ္ေပးဖို႔ ပိုက္ဆံမရွိဘူးေလ၊ ကြၽန္ေတာ္ နည္းလမ္းရွာၿပီး ပိုက္ဆံရႏိုင္ေအာင္ လုပ္မယ္လို႔ ဆရာဝန္ကို ေျပာခဲ့ရတယ္” လို႔ ကားလို႔စ္က လူဇြန္အလယ္ပိုင္းေဒသရွိ ၎ရဲ႕အိမ္ငယ္ေလးထဲမွာ ဖြင့္ဟခဲ့ပါတယ္။ သူ႔ရဲ႕သမီးေလးကေတာ့ ေသြးႏုသားႏု မိခင္ရဲ႕ေဘးမွာ အိပ္ေမာက်ေနရွာပါတယ္။

“ကြၽန္ေတာ္ ကြၽန္ေတာ့္ဖုန္းကို ေငြျဖည့္လိုက္တယ္၊ ၿပီးေနာက္ Facebook မွာ kidney for sale လို႔ ႐ိုက္ၿပီး လိုက္ရွာၾကည့္တယ္၊ တခ်ိဳ႕က အလႉရွင္ရွာေနၾကတာ ေတြ႕တယ္၊ အျခားလူေတြက ေက်ာက္ကပ္ဝယ္မယ္လို႔ ကမ္းလွမ္းထားတာ ေတြ႕ရတယ္” လို႔ ကားလို႔စ္က ဆက္လက္ေျပာပါတယ္။


ဖိလစ္ပိုင္မွာ က်န္းမာေရးအေျခအေနေကာင္းမြန္တဲ့ ေက်ာက္ကပ္အတြက္ ဆိုရွယ္မီဒီယာမွာ ေၾကာ္ျငာထားတာေတြကို ေတြ႕ေနက်လည္း ျဖစ္ပါတယ္။ Facebook မွာ ‘kidney donation Philippines’ ဒါမွမဟုတ္ ‘kidney fo sale’ လို႔ ႐ိုက္ထည့္ရွာေဖြၾကည့္ပါက ကိုယ္တြင္းအဂၤါပြဲစားေတြ၊ ေက်ာက္ကပ္ေရာဂါသည္ေတြနဲ႔ ေက်ာက္ကပ္ေရာင္းလိုသူေတြရဲ႕ မေရတြက္ႏိုင္ေအာင္ မ်ားျပားလွတဲ့ ပို႔စ္ေတြကို ေတြ႕ရမွာပါ။ သူတို႔က ဆိုရွယ္မီဒီယာရဲ႕ ပ်ံ႕ႏွံ႔ေရာက္ရွိႏိုင္မႈကို အသုံးျပဳၿပီး အေရာင္းအဝယ္ျဖစ္ရန္ ႀကိဳးပမ္းၾကပါတယ္။

ဖိလစ္ပိုင္မွာ ကိုယ္တြင္းအဂၤါေရာင္းဝယ္မႈက အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ ဖိလစ္ပိုင္မွာ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္မႈ၊ ကိုယ္အဂၤါအစားထိုးကုသမႈ ေနရာေတြရွိမႈနဲ႔ အစိုးရက ႀကီးၾကပ္မႈနည္းပါးတာေၾကာင့္ ကိုယ္အဂၤါအစားထိုးမႈအတြက္ လာေရာက္ၾကတဲ့ႏိုင္အျဖစ္ ကမာၻတစ္ဝွမ္းက သိထားခဲ့ၾကတာ ဆယ္စုႏွစ္မ်ားၾကာၿပီ ျဖစ္ပါတယ္။


အသစ္အဆန္းျဖစ္လာတာကေတာ့ ဖိလစ္ပိုင္ ကိုယ္တြင္းအဂၤါ အေရာင္းအဝယ္ေဈးကြက္က ဆိုရွယ္မီဒီယာေပၚ ေရာက္လာတာပါပဲ။ ဒါေပမဲ့ ကိုယ္တြင္းအဂၤါေရာင္းဝယ္မႈက လွ်ိဳ႕ဝွက္လုပ္ေဆာင္ၾကၿပီး အြန္လိုင္းမွာ အမည္လွ်ိဳ႕ဝွက္ထားၾကတာျဖစ္လို႔ သက္ဆိုင္ရာ အရာရွိေတြက ကိုယ္တြင္းအဂၤါ ေရာင္းဝယ္သူေတြကို ေျခရာခံရန္ ခက္ခဲၾကပါတယ္။

“အခုအခ်ိန္မွာ ဆိုရွယ္မီဒီယာလို အြန္လိုင္းပလက္ေဖာင္းေတြသုံးၿပီး လိင္ကိစၥအတြက္ ဒါမွမဟုတ္ အလုပ္လုပ္ဖို႔အတြက္ ပုံစံမ်ိဳးစုံနဲ႔ အခ်င္းခ်င္း အေရာင္းအဝယ္ လုပ္ေနၾကတာ ေလ့လာေတြ႕ရွိရပါတယ္” လို႔ တရားေရးဌာနေအာက္မွ Inter-Agency Council Against Trafficking ရဲ႕ လက္ေထာက္အႀကီးအကဲ Yvette T Coronel က ေျပာပါတယ္။

“ေမွာင္ခိုေဈးကြက္မွာ ဝယ္လိုအားမ်ားတာရယ္၊ ေနာက္ၿပီး ေပးတဲ့သူက ေက်ာက္ကပ္တစ္လုံးတည္းနဲ႔လည္း အသက္ရွင္ႏိုင္တာဆိုတာ့ ေက်ာက္ကပ္က အမ်ားဆုံး အေရာင္းအဝယ္လုပ္ၾကတဲ့ ကိုယ္တြင္းအဂၤါျဖစ္ေနတယ္” လို႔ သူကဆိုပါတယ္။ ဖိလစ္ပိုင္ဥပေဒအရ ကိုယ္တြင္းအဂၤါအတြက္ လူကုန္ကူးမႈအတြက္ ႀကီးေလးတဲ့ျပစ္ဒဏ္ သတ္မွတ္ထားၿပီ ေထာင္ဒဏ္ ႏွစ္ ၂၀ အထိ က်ခံရႏိုင္ပါတယ္။

ဒါေပမဲ့လည္း ကားလို႔စ္လို ေငြရွာဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ကုန္ေနသူေတြကေတာ့ သူတို႔ခ်စ္တဲ့သူေတြ ေကာင္းဖို႔အေရး ဒီလို တရားမဝင္တဲ့ အေရာင္းအဝယ္ထဲမွာ ပါဝင္လာခဲ့ၾကတာပါပဲ။ သုံးဘီးေမာင္းသမားအျဖစ္ အသက္ေမြးဝမ္းေက်ာင္းအလုပ္ လုပ္ကိုင္ေနသူ ကားလို႔စ္ဟာ သူ႔ရဲ႕ေက်ာက္ကပ္တစ္လုံးကို ထုတ္ေရာင္းဖို႔ စိတ္ကူးခဲ့စဥ္က ေၾကာက္လန႔္ခဲ့မိေပမဲ့ သူ႔မွာ ေ႐ြးခ်ယ္စရာမရွိခဲ့ဘူးလို႔ ခံစားခဲ့ရေၾကာင္း ရင္ဖြင့္ခဲ့ပါတယ္။


ကားလို႔စ္က သူ႔ရဲ႕ေက်ာက္ကပ္တစ္လုံးကို ေရာင္းခ်ၿပီး ရရွိလာမယ့္ေငြကို ေဆး႐ုံကုန္က်စရိတ္မ်ားေပးရန္၊ သုံးဘီးတစ္စီးဝယ္ရန္နဲ႔ လုပ္ငန္းအေသးစားတစ္ခုလုပ္ရန္ စီစဥ္ခဲ့တယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ့္ေက်ာက္ကပ္ေရာင္းလိုက္ႏိုင္ရင္ ကြၽန္ေတာ္တို႔ဘဝေတြ ပိုတိုးတက္လာႏိုင္ၿပီး အခုလက္ရွိ ေနထိုင္ရတဲ့ အေျခအေနေတြကေန ပိုေကာင္းတဲ့အေျခအေန ျဖစ္လာႏိုင္ပါတယ္” လို႔ ကားလို႔စ္က ေျပာပါတယ္။

အျခားႏိုင္ငံေတြမွာကဲ့သို႔ပင္ Facebook ဟာ ဖိလစ္ပိုင္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ သုံးစြဲေနၾကတဲ့ ဆိုရွယ္မီဒီယာတစ္ခုျဖစ္ၿပီး ပုံမွန္အသုံးျပဳေနသူ ၆၆ သန္းေက်ာ္ရွိေနပါတယ္။ Facebook ေရပန္းစားမႈက ၎တို႔အက်ိဳးအျမတ္အတြက္ အသုံးခ်လိုသူ အခ်ိဳ႕ေသာ ရာဇဝတ္မႈက်ဴးလြန္သူေတြကို ဆြဲေဆာင္ေနပါတယ္။

Facebook ေျပာခြင့္ရပုဂၢိဳလ္က CAN သတင္းဌာနသို႔ ေပးပို႔ခဲ့တဲ့ ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ လူသားေတြရဲ႕ ကိုယ္အဂၤါမ်ားအပါအဝင္ ထိန္းခ်ဳပ္ထားတဲ့ ပစၥည္းေတြ ေရာင္းဝယ္ျခင္းမျပဳရန္ ရွင္းလင္းတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ား သတ္မွတ္ထားရွိေၾကာင္း ေျပာထားပါတယ္။ “ဒီလို အေၾကာင္းအရာေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရွိတာနဲ႔ ဖယ္ရွားပစ္ပါတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူေတြကိုလည္း အဲဒီစည္းမ်ဥ္းစည္းကမ္းေတြ ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ သူတို႔ ထင္ျမင္မိတဲ့ အေၾကာင္းအရာကို ကြၽန္ေတာ္တို႔ဆီ သတင္းေပးၾကဖို႔ တိုက္တြန္းထားပါတယ္” လို႔ Facebook ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။

သက္ဆိုင္ရာ ဖိလစ္ပိုင္အာဏာပိုင္ေတြက ဆိုရွယ္မီဒီယာနဲ႔ တစ္ကယ့္လက္ေတြ႕မွာပါ တရားမဝင္ ကိုယ္အဂၤါေရာင္းဝယ္ေရးကို ဟန႔္တားတိုက္ဖ်က္ေရး ႀကိဳးပမ္းမႈေတြရွိေပမဲ့လည္း ဆင္းရဲလြန္းတဲ့ လူမႈအသိုင္းအဝိုင္းၾကားမွာေတာ့ ေငြရဖို႔အတြက္ ေ႐ြးခ်ယ္စရာမရွိေတာ့တဲ့အခါ ေက်ာက္ကပ္ထုတ္ေရာင္းဖို႔ စိတ္ကူးမိႏိုင္ၾကဆဲ ျဖစ္ပါတယ္။


လူဇြန္ကြၽန္းအလယ္ပိုင္းမွာ ေနထိုင္တဲ့ ကားလို႔စ္ရဲ႕ျဖစ္ရပ္မွာေတာ့ ေနာက္ဆုံးမွာ ေဆး႐ုံကုန္က်စရိတ္ေတြ ရွင္းဖို႔အတြက္ ေငြေခ်းယူႏိုင္ခဲ့ၿပီး သူ႔ရဲ႕ေက်ာက္ကပ္ကို ထုတ္ေရာင္းစရာ မလိုခဲ့ပါဘူး။ ဒါေပမဲ့ သူ႔မိသားစုနဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ဘဝကို အိပ္မက္မက္ေနသူ ကားလို႔စ္က ေနာင္တစ္ခ်ိန္ခ်ိန္မွာ မိသားစုအတြက္ အခုလိုမ်ိဳး ေငြလိုအပ္လာခဲ့ရင္ေတာ့ အေျခအေန ေျပာင္းလဲသြားႏိုင္တယ္လို႔ ဝန္ခံခဲ့ပါတယ္။ “ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ့္မိသားစုက အေရးအႀကီးဆုံးပဲဗ်ာ၊ ေက်ာက္ကပ္ထုတ္ေရာင္းတာကေတာ့ ‌အၿမဲတမ္း ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္ေနမွာပါပဲ” လို႔ ကားလို႔စ္က ဖြင့္ဟခဲ့ပါတယ္။

No comments:

Powered by Blogger.