ထက်ထက်မိုးဦးက သူမရဲ့ Idol ပါလို့ ဆိုလာတဲ့ ချောရတနာ

ချောရတနာက သရုပ်ဆောင် ထက်ထက်မိုးဦးဟာ သူမရဲ့ Idol တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ထက်ထက်မိုးဦးကို တွေ့တဲ့အချိန်မှာ ချစ်လွန်းလို့ ရင်တွေတောင်တုန်ခဲ့ရတယ်လို့ပြောပါတယ်။ချောရတနာကတော့ သူမကိုယ်တိုင် ရူးရူးမူးမူးအားပေးခဲ့ရတဲ့ အနုပညာရှင်ကတော့ ထက်ထက်မိုးဦးပါတဲ့။ ထက်ထက်မိုးဦး ဆံပင်အရှည်ထားသလို လိုက်ထားဖြစ်တယ်လို့လည်း  ပြောပြလာပါတယ်။

“အရင်တုန်းက အစ်မရဲ့ Idol က မထက်ပေါ့။ မထက်ကို အရမ်းကြိုက်တာ။ ထက်ထက်မိုးဦးကို အရမ်းကြိုက်လို့လည်း ဆံပင်ကို အရှည်ကြီးထားပြီး သူ့ပုံစံအတိုင်းလိုက်လုပ်တာ။ ရူးတာပေါ့နော်။ မထက်ရဲ့ ပြက္ခဒိန်လေးတွေ၊ Wall Sheet လေးတွေဆိုရင် အိမ်မှာစုတယ်’’ လို့ဆိုပါတယ်။

ထက်ထက်မိုးဦးနဲ့အတူတူအနုပညာအလုပ်တွေ လုပ်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ချောရတနာက ပြောပြခဲ့ပါသေးတယ်။“ သူနဲ့ဆုံဖြစ်တယ်။ စစချင်းတွေ့တုန်းကဆိုရင် ရင်တွေတုန်ပြီး ဒူးတွေတောင်ရိုက်တယ်။ သူကတော့ မသိလောက်ဘူး။ သူ့ကို ချစ်လွန်းလို့ပေါ့နော်။ မထက်ကလည်း ကိုယ့်ကို ချစ်ပါတယ်။ အဆင်ပြေတယ်။ အရင်တုန်းက မှတ်တမ်းရုံးထဲမှာနေခဲ့တုန်းကဆိုရင် သူများမကြည့်ရသေးတဲ့ ရုပ်ရှင်ကားကြီးတော်တော်များများလည်း အစ်မတို့ ကြည့်ခဲ့ရတယ်။” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ကသူမရဲ့ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

လက်ရှိမှာတော့ ချောရတနာကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ ပိုများလို့လာပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေရှာဖွေရင်း ချစ်ဖို့ကောင်းတဲ့အကြောင်းတွေကိုလည်း သူမရဲ့ ပရိသတ်တွေက ပြောလာကြတယ်လို့ဆိုပါတယ်။ အစ်မကတော့ ဒီအသက်အရွယ်နဲ့ ဟိုးအရင်တုန်းက ပုံနဲ့တော့ ကွာပါတယ်။ ပရိသတ်တွေကတော့ ချစ်တဲ့စိတ်နဲ့ ချစ်ကြတာပေါ့နော်။ အသက်အပိုင်းအခြားလည်း ကွာလာသလို ရုပ်လည်း ကွာလာတယ်။ ပြီးတော့ စိတ်တွေလည်း ကွာလာပါတယ်။ ငယ်ငယ်တုန်းကဆိုရင် လူကသာအနေအေးတာ အနုပညာနဲ့ပတ်သက်တဲ့ ပိုးလေးကတော့ ရှိတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။
ေခ်ာရတနာက သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးဟာ သူမရဲ႕ Idol တစ္ေယာက္ျဖစ္တယ္လို႔ ဆိုပါတယ္။ ထက္ထက္မိုးဦးကို ေတြ႕တဲ့အခ်ိန္မွာ ခ်စ္လြန္းလို႔ ရင္ေတြေတာင္တုန္ခဲ့ရတယ္လို႔ေျပာပါတယ္။ေခ်ာရတနာကေတာ့ သူမကိုယ္တိုင္ ႐ူး႐ူးမူးမူးအားေပးခဲ့ရတဲ့ အႏုပညာရွင္ကေတာ့ ထက္ထက္မိုးဦးပါတဲ့။ ထက္ထက္မိုးဦး ဆံပင္အရွည္ထားသလို လိုက္ထားျဖစ္တယ္လို႔လည္း  ေျပာျပလာပါတယ္။

“အရင္တုန္းက အစ္မရဲ႕ Idol က မထက္ေပါ့။ မထက္ကို အရမ္းႀကိဳက္တာ။ ထက္ထက္မိုးဦးကို အရမ္းႀကိဳက္လို႔လည္း ဆံပင္ကို အရွည္ႀကီးထားၿပီး သူ႔ပုံစံအတိုင္းလိုက္လုပ္တာ။ ႐ူးတာေပါ့ေနာ္။ မထက္ရဲ႕ ျပကၡဒိန္ေလးေတြ၊ Wall Sheet ေလးေတြဆိုရင္ အိမ္မွာစုတယ္’’ လို႔ဆိုပါတယ္။

ထက္ထက္မိုးဦးနဲ႔အတူတူအႏုပညာအလုပ္ေတြ လုပ္ခဲ့ရတဲ့ အမွတ္တရေတြကိုလည္း ေခ်ာရတနာက ေျပာျပခဲ့ပါေသးတယ္။“ သူနဲ႔ဆုံျဖစ္တယ္။ စစခ်င္းေတြ႕တုန္းကဆိုရင္ ရင္ေတြတုန္ၿပီး ဒူးေတြေတာင္႐ိုက္တယ္။ သူကေတာ့ မသိေလာက္ဘူး။ သူ႔ကို ခ်စ္လြန္းလို႔ေပါ့ေနာ္။ မထက္ကလည္း ကိုယ့္ကို ခ်စ္ပါတယ္။ အဆင္ေျပတယ္။ အရင္တုန္းက မွတ္တမ္း႐ုံးထဲမွာေနခဲ့တုန္းကဆိုရင္ သူမ်ားမၾကည့္ရေသးတဲ့ ႐ုပ္ရွင္ကားႀကီးေတာ္ေတာ္မ်ားမ်ားလည္း အစ္မတို႔ ၾကည့္ခဲ့ရတယ္။” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၁၄ ရက္ေန႔ကသူမရဲ႕ ေၾကာ္ျငာ႐ိုက္ကြင္းမွာ ေျဖဆိုခဲ့တာပါ။

လက္ရွိမွာေတာ့ ေခ်ာရတနာကိုလည္း အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက တစ္ေန႔ထက္ တစ္ေန႔ ပိုမ်ားလို႔လာပါတယ္။ ငယ္ငယ္တုန္းက ဓာတ္ပုံေလးေတြရွာေဖြရင္း ခ်စ္ဖို႔ေကာင္းတဲ့အေၾကာင္းေတြကိုလည္း သူမရဲ႕ ပရိသတ္ေတြက ေျပာလာၾကတယ္လို႔ဆိုပါတယ္။ အစ္မကေတာ့ ဒီအသက္အ႐ြယ္နဲ႔ ဟိုးအရင္တုန္းက ပုံနဲ႔ေတာ့ ကြာပါတယ္။ ပရိသတ္ေတြကေတာ့ ခ်စ္တဲ့စိတ္နဲ႔ ခ်စ္ၾကတာေပါ့ေနာ္။ အသက္အပိုင္းအျခားလည္း ကြာလာသလို ႐ုပ္လည္း ကြာလာတယ္။ ၿပီးေတာ့ စိတ္ေတြလည္း ကြာလာပါတယ္။ ငယ္ငယ္တုန္းကဆိုရင္ လူကသာအေနေအးတာ အႏုပညာနဲ႔ပတ္သက္တဲ့ ပိုးေလးကေတာ့ ရွိတယ္” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္းေျပာျပလာပါတယ္။

ေခ်ာရတနာဟာ လက္ရွိမွာ သားနဲ႔သမီးေလးကို အခ်ိန္ေပးၿပီး ျပဳစုေစာင့္ေရွာက္ေနတာ ေတြ႕ရပါတယ္။ ဒုတိယသမီးေလးကို ၂၀၁၈ ခုႏွစ္ ေမလ(၁၂) ရက္ေန႔က ဝိတိုရီယေဆး႐ုံမွာ ေမြးခဲ့တာျဖစ္ပါတယ္။ သမီးေလးကိုယ္ဝန္စရွိကတည္းက အက်ႌေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့ရသလို သမီးေလး ေမြးၿပီးတဲ့ အခါမွာလည္း ေၾကာ္ျငာ႐ိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။ အသားျဖဴျဖဴ၊ အရပ္ရွည္ရွည္ ဆံပင္ရွည္ရွည္နဲ႔ ခ်စ္စရာေကာင္းခဲ့တဲ့ ေခ်ာရတနာကို တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဇာတ္ကားေတြ ဆက္တိုက္႐ိုက္ကူးလာရတာ အိမ္ေထာင္မက်ခင္အထိပါပဲ။

No comments:

Powered by Blogger.