တရုတ်ပိုင် TikTok ကနေ စစ်သားသစ် စုဆောင်းနေ၍ အမေရိကန်စစ်တပ် သတိပေးခံရ
အမေရိကန် ဆီးနိတ်မှ ထိပ်တန်းဒီမိုကရက်တစ် ချော့ရှုးမားဟာ အမေရိကန် စစ်တပ်အတွင်းဝန် ရိုင်ယန်မတ်ကာသေးထံကို စာတစ်စောင်ရေးသားပြီး သတိပေးခဲ့ပါတယ်။
အဲဒီ စာမှာ အမေရိကန်စစ်တပ်ဟာ တရုတ်ပိုင် လူမှုမီဒီယာပလက်ဖောင်းဖြစ်တဲ့ TikTok ကနေ အမေရိကန်လူငယ်လူရွယ်တွေကို လူသစ်စုဆောင်းစည်းရုံးနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ သတိပေးရေးသားထားတာ ဖြစ်ပါတယ်။
“အမေရိကန် လူငယ်တွေ စစ်ထဲဝင်ချင်အောင် လူသစ်စုဆောင်းရာမှာ နည်းပညာတွေကိုပါ စစ်တပ်က အသုံးချတာကို ကျွန်တော် သိပေမယ့် တရုတ်ပိုင် နည်းပညာကုမ္ပဏီတွေကို ရွေးချယ်တာဟာ အမျိုးသားလုံခြုံရေး ဘေးဖြစ်နိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်ရပါတယ်။”လို့ ရှုးမားက ရေးသားပါတယ်။
ဆယ်ကျော်သက်တွေကြား ရေပန်းစားတဲ့ TikTok ပလက်ဖောင်းဟာ အမေရိကန်လူငယ်တွေကြား ပိုပြီး လူကြိုက်များလာလျက် ရှိပါတယ်။
ကုန်သွယ်ရေးနဲ့ နည်းပညာအလွှဲအပြောင်းတွေနဲ့ ပတ်သက်ပြီး ၀ါရှင်တန်နဲ့ ပေကျင်းကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာပဲ တရုတ်ပိုင် TikTok က အမေရိကန်လူငယ်တွေကြား ပိုမိုပြန့်နှံ့လာနေတာပါ။
TikTok ကုမ္ပဏီကတော့ ကုမ္ပဏီဟာ လွတ်လပ်ပြီး အစိုးရလောင်းရိပ်အောက် ရှိမနေဘူးလို့ ဆိုပေမယ့် အသုံးပြုတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြံုရေးအတွက် စိုးရိမ်မှုတွေကိုတော့ ချွေးသိပ်မပေးနိုင်ပါဘူး။
အမေရိကန်မှာ TikTok သုံးစွဲသူ ၂၆ ဒသမ ၅ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ အသက် ၁၆ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်ကြတယ်လို့ ကုမ္ပဏီက ခုနှစ်အတွင်း ထုတ်ပြန်ထားပါတယ်။
Rf; Asia One
TikTok ကုမ္ပဏီကတော့ ကုမ္ပဏီဟာ လွတ်လပ်ပြီး အစိုးရလောင်းရိပ်အောက် ရှိမနေဘူးလို့ ဆိုပေမယ့် အသုံးပြုတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံရေးအတွက် စိုးရိမ်မှုတွေကိုတော့ ချွေးသိပ်မပေးနိုင်ပါဘူး။

No comments: