စိတ်ကျရောဂါက ဘာနဲ့မှ ကုစားလို့မရဘူးဆိုတဲ့ ဖူးပွင့်သခင်
ဖူးပွင့်သခင်ဟာ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခံရပြီးမှ အမြဲတမ်း ဖျက်လိုက်ရတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့်လည်း စိတ်ဓာတ်ကျမိတဲ့ အချိန်တွေရှိတယ်လို့ ပြောပါတယ်။
ဖူးပွင့်သခင်ကတော့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျခဲ့ရတဲ့ အရာတွေကို Duwun Media အင်တာဗျုးကနေ ရင်ဖွင့်ပြောပြလာပါတယ်။
‘’ စိတ်ကျရောဂါ က ဘာနဲ့မှ ကုစားလို့မရဘူးဆိုတာကို ညီမ လက်ခံတယ်။ လူတစ်ယောက်က စိတ်နဲ့ပဲ သွားတာများတယ်။ အနုပညာရှင်တစ်ယောက်ဆိုတာ စိတ်က နူးညံ့တယ်၊ မင်းသား၊ မင်းသမီးတွေက မာယာများတယ်တဲ့။ အဲဒါမဟုတ်ဘူး ပိုပြီးတော့ စိတ်က နူးညံ့တာ။ အမြဲတမ်း သူများရဲ့ စိတ်တွေကို ကိုယ့်ထဲ ထည့်နေရတာလေ။ စိတ်ဓာတ်ကျပြီးတော့ သတ်သေတယ်ဆိုတာကလည်း စိတ်ပါပဲ။ လူတစ်ယောက်က ဦးနှောက်နဲ့ သိပ်မသွားဘူး စိတ်နဲ့ပဲသွားတာဆိုတော့ စိတ်ဓာတ်ကျတယ်ဆိုတာ လူကို အရမ်း ဒုက္ခရောက်စေပါတယ်’’ လို့ သူကဆိုပါတယ်။
ဇာတ်ကားရိုက်ကူးဖို့အတွက် ကမ်းလှမ်းပြီးတဲ့နောက်မှာလည်း အဆင်မပြေလို့ ဖျက်လိုက်ကြတာမျိုးတွေရှိခဲ့တယ်လို့ ဖူးပွင့်သခင်က ပြောပါတယ်။
‘’တစ်ခါတလေကျရင် ကိုယ့်ကို ရိုက်ရက်ယူပြီးမှ မရိုက်ဖြစ်တာမျိုးတွေ၊ ဖြတ်လိုက်တာမျိုးတွေပေါ့နော် ဒီလိုတွေဆိုရင် စိတ်ဓာတ်အရမ်းကျတယ်။ ငါဘာဖြစ်နေလို့လဲ၊ သရုပ်မဆောင်တတ်လို့လား တွေးတယ်။ ဒါပေမယ့်လည်း အကောင်းဘက် အနေနဲ့ တစ်ချိန်ကျရင်ဘာဖြစ်လာမလဲ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ငါကြိုးစားသွားမယ် လို့ပဲတွေးတယ်။ ကိုယ့်ကိုယ်ကိုယ် Strong ဖြစ်အောင်နေတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ဦးစိုင်းနေမျိုးဝင်း မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ဖူးပွင့်သခင်က သူမရဲ့ စိတ်ဓာတ်ကျမှုတွေကို အမြဲတမ်း အားပေးတဲ့ သူကတော့ အမေဖြစ်ပါတယ်တဲ့။ ကိုယ်တိုင်ကလည်း အရမ်းကို စိတ်ဓာတ်ကျလွယ်တဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။
‘’ ညီမကိုယ်တိုင်ကလည်း တစ်ခုခုဆို အရမ်း စိတ်ဓာတ်ကျတဲ့အထဲမှာပါတယ်။ ကိုယ့်ကိုယ်ကိုယ် မနည်း ထိန်းထားရတာ။ ရှုတင်မှာလည်း တစ်ခုခုဖြစ်လာပြီဆိုရင် ကားထဲဝင် တံခါးပိတ်ပြီးတော့ကို ငိုတာ။ စိတ်ပျော့တဲ့သူဖြစ်တော့ အမေက ဘေးကနေ အမြဲတမ်း တွန်းနေရတယ်။ နင်က အခုမှ လူဖြစ်လာစပဲရှိသေးတာ။ အမေတို့က ဒါကို ဖြတ်သန်းခဲ့ရပြီးပြီ ဆိုပြီးတော့ အားပေးတယ်’’လို့ သူက ဆက်လက်ပြောပြလာပါတယ်။
ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။ အရပ်လည်းမြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။
ဖူးပြင့္သခင္ဟာ ဇာတ္ကား႐ိုက္ဖို႔ ကမ္းလွမ္းခံရၿပီးမွ အၿမဲတမ္း ဖ်က္လိုက္ရတာမ်ိဳးေတြရွိတယ္လို႔ ဆိုပါတယ္။ ဒါေတြေၾကာင့္လည္း စိတ္ဓာတ္က်မိတဲ့ အခ်ိန္ေတြရွိတယ္လို႔ ေျပာပါတယ္။
ဖူးပြင့္သခင္ကေတာ့ အလုပ္နဲ႔ ပတ္သက္ၿပီး စိတ္ဓာတ္က်ခဲ့ရတဲ့ အရာေတြကို Duwun Media အင္တာဗ်ဳးကေန ရင္ဖြင့္ေျပာျပလာပါတယ္။
‘’ စိတ္က်ေရာဂါ က ဘာနဲ႔မွ ကုစားလို႔မရဘူးဆိုတာကို ညီမ လက္ခံတယ္။ လူတစ္ေယာက္က စိတ္နဲ႔ပဲ သြားတာမ်ားတယ္။ အႏုပညာရွင္တစ္ေယာက္ဆိုတာ စိတ္က ႏူးညံ့တယ္၊ မင္းသား၊ မင္းသမီးေတြက မာယာမ်ားတယ္တဲ့။ အဲဒါမဟုတ္ဘူး ပိုၿပီးေတာ့ စိတ္က ႏူးညံ့တာ။ အၿမဲတမ္း သူမ်ားရဲ႕ စိတ္ေတြကို ကိုယ့္ထဲ ထည့္ေနရတာေလ။ စိတ္ဓာတ္က်ၿပီးေတာ့ သတ္ေသတယ္ဆိုတာကလည္း စိတ္ပါပဲ။ လူတစ္ေယာက္က ဦးေႏွာက္နဲ႔ သိပ္မသြားဘူး စိတ္နဲ႔ပဲသြားတာဆိုေတာ့ စိတ္ဓာတ္က်တယ္ဆိုတာ လူကို အရမ္း ဒုကၡေရာက္ေစပါတယ္’’ လို႔ သူကဆိုပါတယ္။
ဇာတ္ကား႐ိုက္ကူးဖို႔အတြက္ ကမ္းလွမ္းၿပီးတဲ့ေနာက္မွာလည္း အဆင္မေျပလို႔ ဖ်က္လိုက္ၾကတာမ်ိဳးေတြရွိခဲ့တယ္လို႔ ဖူးပြင့္သခင္က ေျပာပါတယ္။
‘’တစ္ခါတေလက်ရင္ ကိုယ့္ကို ႐ိုက္ရက္ယူၿပီးမွ မ႐ိုက္ျဖစ္တာမ်ိဳးေတြ၊ ျဖတ္လိုက္တာမ်ိဳးေတြေပါ့ေနာ္ ဒီလိုေတြဆိုရင္ စိတ္ဓာတ္အရမ္းက်တယ္။ ငါဘာျဖစ္ေနလို႔လဲ၊ သ႐ုပ္မေဆာင္တတ္လို႔လား ေတြးတယ္။ ဒါေပမယ့္လည္း အေကာင္းဘက္ အေနနဲ႔ တစ္ခ်ိန္က်ရင္ဘာျဖစ္လာမလဲ အတတ္ႏိုင္ဆုံးေတာ့ အေကာင္းဆုံး ျဖစ္ေအာင္ ငါႀကိဳးစားသြားမယ္ လို႔ပဲေတြးတယ္။ ကိုယ့္ကိုယ္ကိုယ္ Strong ျဖစ္ေအာင္ေနတယ္’’ ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၅ ရက္ေန႔က ဦးစိုင္းေနမ်ိဳးဝင္း ေမြးေန႔ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။
ဖူးပြင့္သခင္က သူမရဲ႕ စိတ္ဓာတ္က်မႈေတြကို အၿမဲတမ္း အားေပးတဲ့ သူကေတာ့ အေမျဖစ္ပါတယ္တဲ့။ ကိုယ္တိုင္ကလည္း အရမ္းကို စိတ္ဓာတ္က်လြယ္တဲ့သူတစ္ေယာက္ပါလို႔ ဆိုပါတယ္။
‘’ ညီမကိုယ္တိုင္ကလည္း တစ္ခုခုဆို အရမ္း စိတ္ဓာတ္က်တဲ့အထဲမွာပါတယ္။ ကိုယ့္ကိုယ္ကိုယ္ မနည္း ထိန္းထားရတာ။ ရႈတင္မွာလည္း တစ္ခုခုျဖစ္လာၿပီဆိုရင္ ကားထဲဝင္ တံခါးပိတ္ၿပီးေတာ့ကို ငိုတာ။ စိတ္ေပ်ာ့တဲ့သူျဖစ္ေတာ့ အေမက ေဘးကေန အၿမဲတမ္း တြန္းေနရတယ္။ နင္က အခုမွ လူျဖစ္လာစပဲရွိေသးတာ။ အေမတို႔က ဒါကို ျဖတ္သန္းခဲ့ရၿပီးၿပီ ဆိုၿပီးေတာ့ အားေပးတယ္’’လို႔ သူက ဆက္လက္ေျပာျပလာပါတယ္။
ဖူးပြင့္သခင္ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အခုလက္ရွိမွာလည္း စီနီယာ အႏုပညာရွင္ႀကီးေတြနဲ႔ အတူ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ကူးေနရပါၿပီ။ အရပ္လည္းျမင့္သလို ႐ုပ္ရည္ကလည္း ေခ်ာေမာလွတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ပါးခ်ိဳင့္ေလးေၾကာင့္လည္း အၿပဳံးခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားသူ တစ္ေယာက္ပါ။

No comments: