ဝမ်ပုံစစ်ဆေးရေးဂိတ်အနီး ဟိုင်းလပ်ယာဉ်အား တားဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု ဝမ်ပုံစစ်ဆေးရေးဂိတ်အနီး နိုဝင်ဘာ ၉ ရက်နေ့က ဟိုင်းလပ်ယာဉ်တစီးအား လုံခြုံရေးအဖွဲ့က စစ်ဆေးဖို့ တားဆီးရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဝမ်ပုံနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဝမ်ပုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီခွဲလောက်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ ဟွေလုရွာဘက်ကလာတဲ့ အနက်ရောင် ဟိုင်းလပ်ယာဉ်အား ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်ပါသူတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ယာဉ်မောင်း ဦးခေါင်းလက်နက်ငယ်ကျည်ထိမှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ တာချီလိတ် စစ်ဗျူဟာအခြေချမှ ဗိုလ်ကြီးအောင်ကျော်စိုး ဦးစီးအဖွဲ့က လိုက်လံရှာဖွေနေပြီး သေဆုံးယာဉ်မောင်း (အမည်စုံစမ်းဆဲ) ရဲ့ ဘေးကနေ ပြောင်းတိုသေနတ်တလက် သိမ်းဆည်းရမိခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ ဝမ်ပုံနယ်မြေရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၂(က)/(ဂ)အရ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )
ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)အုပ္စု ဝမ္ပုံစစ္ေဆးေရးဂိတ္အနီး ႏိုဝင္ဘာ ၉ ရက္ေန႔က ဟိုင္းလပ္ယာဥ္တစီးအား လုံၿခဳံေရးအဖြဲ႕က စစ္ေဆးဖို႔ တားဆီးရာမွ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး ၁ ဦးေသဆုံးခဲ့တယ္လို႔ ဝမ္ပုံနယ္ေျမရဲစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။
ဝမ္ပုံပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ႏိုဝင္ဘာ ၉ ရက္ ည ၇ နာရီခြဲေလာက္မွာ လုံၿခဳံေရးပူးေပါင္းအဖြဲ႕ဝင္ေတြက မူးယစ္ေဆးဝါးသတင္းအရ ေဟြလု႐ြာဘက္ကလာတဲ့ အနက္ေရာင္ ဟိုင္းလပ္ယာဥ္အား ရပ္တန္႔ခိုင္းစဥ္ ယာဥ္ေပၚပါသူေတြက လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္း ဦးေခါင္းလက္နက္ငယ္က်ည္ထိမွန္ကာ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားတာလို႔ သိရပါတယ္။
အဲဒီျဖစ္စဥ္မွာ ယာဥ္ေပၚလိုက္ပါလာသူ ႏွစ္ဦး ထြက္ေျပးလြတ္ေျမာက္သြားခဲ့လို႔ တာခ်ီလိတ္ စစ္ဗ်ဴဟာအေျခခ်မွ ဗိုလ္ႀကီးေအာင္ေက်ာ္စိုး ဦးစီးအဖြဲ႕က လိုက္လံရွာေဖြေနၿပီး ေသဆုံးယာဥ္ေမာင္း (အမည္စုံစမ္းဆဲ) ရဲ႕ ေဘးကေန ေျပာင္းတိုေသနတ္တလက္ သိမ္းဆည္းရမိခဲ့ပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ဝမ္ပုံနယ္ေျမရဲစခန္းက လက္နက္ဥပေဒပုဒ္မ ၁၂(က)/(ဂ)အရ အမႈဖြင့္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။
( ယခုေဖာ္ျပပါသတင္းကို DVB Multimedia Group ထံမွ တရားဝင္ဝယ္ယူၿပီး ျပန္လည္ေဖာ္ျပပါသည္ )

No comments: