ဘင်္ဂလားဒေ့ရှ်မှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှု လူ ၁၆ ဦးထက်မနည်း သေဆုံး
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဆိပ်ကမ်းမြို့ စစ်တကောင်းသို့ ဦးတည်ခုတ်မောင်းနေတဲ့ ရထားနဲ့ ဒါကာမြို့တော်သို့ ခုတ်မောင်းသွားနေတဲ့ ရထားတို့ဟာ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီဝန်းကျင်က မြို့တော်အရှေ့ဘက် ၆၂ မိုင်ခန့်အကွာ ဘရာဟ်မင်ဘာရီယာခရိုင်အတွင်း ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။
ခေါင်းချင်ဆိုင် တိုက်မိခဲ့တဲ့ ရထားနှစ်စင်းရဲ့ အပျက်အစီးတွေထဲမှ လူတွေကို ဆွဲထုတ်ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားတွေ အသည်းအသန် ကြိုးပမ်းနေခဲ့ရပါတယ်။ "ကယ်ဆယ်ရေးလုပ်နေတုန်းပဲ၊ ရထားတွဲတွေအောက်မှာ လူတွေ ပိတ်မိနေတာရှိတော့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သေးတယ်" လို့ စစ်တကောင်ရထားလမ်း ရဲတပ်ဖွဲ့မှ တွဲဖက်ရဲမှူး မိုဟမ်မက်ရှော်ကတ်အလီက CNN သတင်းဌာနကို ပြောပါတယ်။
"ကျွန်တော် ရထားပေါ်ကနေ ဆင်းလိုက်တော့ ခေါင်းတွေ၊ လက်တွေ ခြေတွေ မပါတဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်" လို့ ရထားတစ်စင်းမှ ခရီးသည်ဖြစ်သူ အသက် ၅၀ အရွယ် မိုဟမ်မက်မော့စ်လမ်က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောြကားခဲ့ပါတယ်။ ရထားတိုက်မှုဖြစ်ပွားချိန်မှာ ခရီးသည်အများအပြားဟာ အိပ်ပျော်နေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
"အခုထိ အလောင်း ၁၆ လောင်း တွေ့ရှိထားပါတယ်၊ ဒဏ်ရာရသူ ၄၀ ကျော်ကို ဆေးရုံပို့ထားပါတယ်" လို့ ခရိုင်အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ ဟေယတ်အူဒ်ဒိုလာခန်းက Reuters ကို တယ်လီဖုန်းဖြင့် ပြောခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ စစ်တပ်က ကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း ဒိုလာခန်းက ဖြည့်စွက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရထားနှစ်စင်းဟာ တူညီတဲ့လမ်းကြောင်းပေါ်မှာ မည်သို့ရောက်ရှိ ခုတ်မောင်းနေခဲ့ကြကြောင်း အတိအကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုလုပ်ရန် အစိုးရက ညွှန်ကြားထားပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်သူ ရှယာမာခန်တီဒက်စ်ကတော့ "ရထားတစ်စင်းက လမ်းကြောင်းအချက်ပြတာကို မလိုက်နာခဲ့ပုံရပြီး အခုလို အဖြစ်ဆိုးကြုံရတာ ဖြစ်နိုင်တယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရထားလမ်းများ အခြေအနေဆိုးမှုနဲ့ ရထားလမ်းဆုံ နေရာတွေမှာ ကြီးကြပ်သူမရှိမှုတို့ကြောင့် ရထားလမ်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း Reuters သတင်းက ဖော်ြပထားပါတယ်။
ဘဂၤလားေဒ့ရွ္ေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ စစ္တေကာင္းသို႔ ဦးတည္ခုတ္ေမာင္းေနတဲ့ ရထားနဲ႔ ဒါကာၿမိဳ႕ေတာ္သို႔ ခုတ္ေမာင္းသြားေနတဲ့ ရထားတို႔ဟာ ယေန႔ (ႏိုဝင္ဘာ ၁၂ ရက္) ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီဝန္းက်င္က ၿမိဳ႕ေတာ္အေရွ႕ဘက္ ၆၂ မိုင္ခန႔္အကြာ ဘရာဟ္မင္ဘာရီယာခ႐ိုင္အတြင္း ေခါင္းခ်င္းဆိုင္ တိုက္မိခဲ့ၾကတာ ျဖစ္ပါတယ္။
ေခါင္းခ်င္ဆိုင္ တိုက္မိခဲ့တဲ့ ရထားႏွစ္စင္းရဲ႕ အပ်က္အစီးေတြထဲမွ လူေတြကို ဆြဲထုတ္ကယ္တင္ႏိုင္ရန္ ကယ္ဆယ္ေရးသမားေတြ အသည္းအသန္ ႀကိဳးပမ္းေနခဲ့ရပါတယ္။ "ကယ္ဆယ္ေရးလုပ္ေနတုန္းပဲ၊ ရထားတြဲေတြေအာက္မွာ လူေတြ ပိတ္မိေနတာရွိေတာ့ ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏိုင္ေသးတယ္" လို႔ စစ္တေကာင္ရထားလမ္း ရဲတပ္ဖြဲ႕မွ တြဲဖက္ရဲမႉး မိုဟမ္မက္ေရွာ္ကတ္အလီက CNN သတင္းဌာနကို ေျပာပါတယ္။
"ကြၽန္ေတာ္ ရထားေပၚကေန ဆင္းလိုက္ေတာ့ ေခါင္းေတြ၊ လက္ေတြ ေျခေတြ မပါတဲ့ အေလာင္းေတြကို ေတြ႕ခဲ့ရတယ္" လို႔ ရထားတစ္စင္းမွ ခရီးသည္ျဖစ္သူ အသက္ ၅၀ အ႐ြယ္ မိုဟမ္မက္ေမာ့စ္လမ္က Reuters သတင္းဌာနကို တယ္လီဖုန္းျဖင့္ ေျပာၾကားခဲ့ပါတယ္။ ရထားတိုက္မႈျဖစ္ပြားခ်ိန္မွာ ခရီးသည္အမ်ားအျပားဟာ အိပ္ေပ်ာ္ေနခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။
"အခုထိ အေလာင္း ၁၆ ေလာင္း ေတြ႕ရွိထားပါတယ္၊ ဒဏ္ရာရသူ ၄၀ ေက်ာ္ကို ေဆး႐ုံပို႔ထားပါတယ္" လို႔ ခ႐ိုင္အာဏာပိုင္အဖြဲ႕မွ တာဝန္ရွိသူ ေဟယတ္အူဒ္ဒိုလာခန္းက Reuters ကို တယ္လီဖုန္းျဖင့္ ေျပာခဲ့ပါတယ္။ မီးသတ္တပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္ဖြဲ႕နဲ႔ စစ္တပ္က ကယ္ဆယ္ေရးလုပ္ေဆာင္ေနၾကၿပီး ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏိုင္ေၾကာင္းလည္း ဒိုလာခန္းက ျဖည့္စြက္ေျပာပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ရထားႏွစ္စင္းဟာ တူညီတဲ့လမ္းေၾကာင္းေပၚမွာ မည္သို႔ေရာက္ရွိ ခုတ္ေမာင္းေနခဲ့ၾကေၾကာင္း အတိအက် မသိရေသးဘဲ စုံစမ္းစစ္ေဆးမႈလုပ္ရန္ အစိုးရက ၫႊန္ၾကားထားပါတယ္။ ရဲအရာရွိတစ္ဦးျဖစ္သူ ရွယာမာခန္တီဒက္စ္ကေတာ့ "ရထားတစ္စင္းက လမ္းေၾကာင္းအခ်က္ျပတာကို မလိုက္နာခဲ့ပုံရၿပီး အခုလို အျဖစ္ဆိုးႀကဳံရတာ ျဖစ္ႏိုင္တယ္" လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ရထားလမ္းမ်ား အေျခအေနဆိုးမႈနဲ႔ ရထားလမ္းဆုံ ေနရာေတြမွာ ႀကီးၾကပ္သူမရွိမႈတို႔ေၾကာင့္ ရထားလမ္း မေတာ္တဆမႈေတြ မၾကာခဏ ျဖစ္ပြားေလ့ရွိေၾကာင္း Reuters သတင္းက ေဖာ္ျပထားပါတယ္။

No comments: