ထိုင်းနိုင်ငံ တရားခွင်တွင် အမှုသည်အငြိမ်းစားရဲမှူးကြီးက ရှေ့နေ ၂ ဦးကို ပစ်သတ်
ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တရားရုံးထဲမှာ ဒီနေ့မနက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ရှေ့နေ ၂ ဦး အပါအဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။
ဒီမနက် ၉ နာရီလောက်က အဆိုပါ တရားရုံးရဲ့ ခုံရုံးထဲမှာ တရားသူကြီးနဲ့ ရှေ့နေတွေက မြေကွက်အမွေခွဲဝေမှုနဲ့ပတ်သက်တဲ့ အမှုတခုကို ကြားနာစစ်ဆေးနေစဉ် အမှုသည် အငြိမ်းစားရဲအရာရှိက တရားပြိုင်ကို ပစ်ခတ်ခဲ့တာလို့ အခင်းဖြစ်ရာ သွားရောက်စစ်ဆေးခဲ့တဲ့ ထိုင်းအမျိုးသား ဒုရဲချုပ် ကျကထစ်ချိုင်းကျင်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ မြေကွက်အမွေဆိုင်အမှုနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် တရားရင်ဆိုင်လာတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖြစ်ကြောင်း ၊ ဒီမနက်က အမှုသည်ဖြစ်တဲ့ အငြိမ်းစား ရဲမှူးကြီး ထားရင်း ကျန်ထရာထစ် (၆၇ နှစ်)က အမှုရင်ဆိုင်ဘက် ရှေ့နေ နိုင်းဘန်းချားပါရမီနဲ့ သူ့ဇနီး နန်းဆုဖားဖွန်းပါရမီတို့ကို ပါလာတဲ့ သေနတ်နဲ့ စတင်ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။
ခုံရုံးထဲမှာ ပစ်ခတ်မှုဖြစ်လို့ လုံခြုံရေးရဲတပ်ဖွဲ့က အမှုသည်ရဲမှူးကြီး ထားရင်းကို ပစ်ခတ်ဟန့်တားခဲ့ရတယ်။
အဲဒီပစ်ခတ်မှုကြောင့် လူ ၅ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံရောက်တော့ ဒဏ်ရာရ ရှေ့နေ ၂ ဦး နဲ့ စတင်ပစ်ခတ်တဲ့ အငြိမ်းစားရဲမှူးကြီးတို့ စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
အပစ်ခံရလို့ သေဆုံးသွားတဲ့ ရှေ့နေရဲ့ ဇနီးသည်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အိုင်စီယူ အရေးပေါ်ခန်းထဲမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဒဏ်ရာရသူ နောက်တဦးဖြစ်တဲ့ ရှေ့နေ နိုင်းဝိချိုင်းဥဒုမ်းထနဖတ်ကတော့ အသက်ဘေးကနေ လွတ်မြောက်သွားပါတယ်။
ထိုင်းတရားရုံးထဲမှာ သာမန်အားဖြင့် အမှုသည်တွေကို လက်နက်ယူဆောင်ခွင့် မပြုတာကြောင့် ခုံရုံးထဲ ပစ်ခတ်မှုဖြစ်ရတဲ့အပေါ် ပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ ထိုင်းတောင်ပိုင်းဒေသမှာတော့ တရားသူကြီးတွေဟာ မိမိအသက်လုံခြုံရေးအရ လက်နက်ကိုင်ခွင့်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ယာလာ ခရိုင်တရားသူကြီး တဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ် သေကြောင်းကြံစည်ခဲ့ပါတယ်။
ကိုးကား- Thairath
ထိုင္းႏိုင္ငံအေရွ႕ပိုင္း က်န္ထဘူရီခ႐ိုင္တရား႐ုံးထဲမွာ ဒီေန႔မနက္က ေသနတ္နဲ႔ ပစ္ခတ္မႈျဖစ္ပြားၿပီး ေရွ႕ေန ၂ ဦး အပါအဝင္ ၃ ဦး ေသဆုံးကာ ၂ ဦး ဒဏ္ရာရသြားပါတယ္။
ဒီမနက္ ၉ နာရီေလာက္က အဆိုပါ တရား႐ုံးရဲ႕ ခုံ႐ုံးထဲမွာ တရားသူႀကီးနဲ႔ ေရွ႕ေနေတြက ေျမကြက္အေမြခြဲေဝမႈနဲ႔ပတ္သက္တဲ့ အမႈတခုကို ၾကားနာစစ္ေဆးေနစဥ္ အမႈသည္ အၿငိမ္းစားရဲအရာရွိက တရားၿပိဳင္ကို ပစ္ခတ္ခဲ့တာလို႔ အခင္းျဖစ္ရာ သြားေရာက္စစ္ေဆးခဲ့တဲ့ ထိုင္းအမ်ိဳးသား ဒုရဲခ်ဳပ္ က်ကထစ္ခ်ိဳင္းက်င္းဒါးက သတင္းေထာက္ေတြကို ေျပာပါတယ္။
အဆိုပါ ေျမကြက္အေမြဆိုင္အမႈနဲ႔ ပတ္သက္ၿပီး ႏွစ္ဦးႏွစ္ဖက္ တရားရင္ဆိုင္လာတာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ကတည္းက ျဖစ္ေၾကာင္း ၊ ဒီမနက္က အမႈသည္ျဖစ္တဲ့ အၿငိမ္းစား ရဲမႉးႀကီး ထားရင္း က်န္ထရာထစ္ (၆၇ ႏွစ္)က အမႈရင္ဆိုင္ဘက္ ေရွ႕ေန ႏိုင္းဘန္းခ်ားပါရမီနဲ႔ သူ႔ဇနီး နန္းဆုဖားဖြန္းပါရမီတို႔ကို ပါလာတဲ့ ေသနတ္နဲ႔ စတင္ပစ္ခတ္လိုက္တာ ျဖစ္ပါတယ္။
ခုံ႐ုံးထဲမွာ ပစ္ခတ္မႈျဖစ္လို႔ လုံၿခဳံေရးရဲတပ္ဖြဲ႕က အမႈသည္ရဲမႉးႀကီး ထားရင္းကို ပစ္ခတ္ဟန႔္တားခဲ့ရတယ္။
အဲဒီပစ္ခတ္မႈေၾကာင့္ လူ ၅ ဦး ဒဏ္ရာရခဲ့ၿပီး ေဆး႐ုံေရာက္ေတာ့ ဒဏ္ရာရ ေရွ႕ေန ၂ ဦး နဲ႔ စတင္ပစ္ခတ္တဲ့ အၿငိမ္းစားရဲမႉးႀကီးတို႔ စုစုေပါင္း ၃ ဦး ေသဆုံးသြားခဲ့ပါတယ္။
အပစ္ခံရလို႔ ေသဆုံးသြားတဲ့ ေရွ႕ေနရဲ႕ ဇနီးသည္ကေတာ့ ျပင္းထန္တဲ့ ဒဏ္ရာေတြနဲ႔ အိုင္စီယူ အေရးေပၚခန္းထဲမွာ ေဆးကုသမႈခံယူေနရပါတယ္။
ဒဏ္ရာရသူ ေနာက္တဦးျဖစ္တဲ့ ေရွ႕ေန ႏိုင္းဝိခ်ိဳင္းဥဒုမ္းထနဖတ္ကေတာ့ အသက္ေဘးကေန လြတ္ေျမာက္သြားပါတယ္။
ထိုင္းတရား႐ုံးထဲမွာ သာမန္အားျဖင့္ အမႈသည္ေတြကို လက္နက္ယူေဆာင္ခြင့္ မျပဳတာေၾကာင့္ ခုံ႐ုံးထဲ ပစ္ခတ္မႈျဖစ္ရတဲ့အေပၚ ျပည္သူေတြက ေမးခြန္းထုတ္ေနပါတယ္။
နယ္ေျမမတည္ၿငိမ္တဲ့ ထိုင္းေတာင္ပိုင္းေဒသမွာေတာ့ တရားသူႀကီးေတြဟာ မိမိအသက္လုံၿခဳံေရးအရ လက္နက္ကိုင္ခြင့္ရွိၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလက ယာလာ ခ႐ိုင္တရားသူႀကီး တဦး သူ႔ကိုယ္သူ ေသနတ္နဲ႔ပစ္ ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။

No comments: