အမြန်လမ်းမှာ ခရီးသည်ယာဉ်နှစ်စီးတိုက်မိရာ (၁၆)ဦးဒဏ်ရာရရှိ

မန္တလေး-ရန်ကုန်ကိုမောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာခရီးသည်ယာဉ်က ပစ္စည်းချဖို့အရှိန်လျော့ပြီးဘေးကပ်ရပ်တာကို လားရာတူမောင်းနှင်လာတဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်က နောက်ကဝင်တိုက်မိတာလည်းဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဒီကနေ့ နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်လောက်က မိုင်တိုင် ၁၉၄မိုင်မှာ ခရီးသည်ယာဉ်နှစ်စီးတိုက်မိကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။ မန္တလေး-ရန်ကုန်မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ကို လားရာတူ မောင်းနှင်လာတဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်က နောက်ကဝင်တိုက်မိတာလည်းဖြစ်ပါတယ်။
“ အခုတော့ အမှုဖွင့်ထားတယ်။ ရှေ့က ရွှေစင်စင်္ကြာခရီးသည်ယာဉ်က ပစ္စည်းချဖို့အရှိန်လျော့ပြီးဘေးကပ်ရပ်တာကို မလွတ်ဘဲနဲ့နောက်ကားကဝင်တိုက်တာ။ ညဆိုတော့ သိတဲ့တိုင်းပဲ။ ရုတ်တရက်ဆိုတော့ ရှောင်ဖို့မလွယ်ဘူး။ သေဆုံးသူတော့မရှိပါဘူး။ဒဏ်ရာရတဲ့ သူတွေကိုတော့ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” လို့ အမြန်လမ်းမကြီး ပလွေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ရွှေစင်စင်္ကြာခရီးသည်ယာဉ်မှ ကျား(၁)ဦး၊ မ(၁)ဦးနဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်မှ သံဃာ(၁)ပါး၊ ကျား (၆)ဦး၊ မ(၇)ဦးဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ခရီးသည် (၁၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေထဲမှာ စိုးရိမ်ရတဲ့ လူနာမပါရှိဘဲ ပွန်းပဲ့ဒဏ်ရာရရှိတဲ့ လူနာလောက်သာပါတယ်လို့ ပလွေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။
မႏၲေလး-ရန္ကုန္ကိုေမာင္းႏွင္လာတဲ့ ေ႐ႊစင္စၾကၤာခရီးသည္ယာဥ္က ပစၥည္းခ်ဖို႔အရွိန္ေလ်ာ့ၿပီးေဘးကပ္ရပ္တာကို လားရာတူေမာင္းႏွင္လာတဲ့ မင္းသစၥာခရီးသည္တင္ယာဥ္က ေနာက္ကဝင္တိုက္မိတာလည္းျဖစ္ပါတယ္။

ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ ဒီကေန႔ ႏိုဝင္ဘာ(၁၄)ရက္ေန႔ နံနက္(၂)နာရီဝန္းက်င္ေလာက္က မိုင္တိုင္ ၁၉၄မိုင္မွာ ခရီးသည္ယာဥ္ႏွစ္စီးတိုက္မိကာ ထိခိုက္ဒဏ္ရာေတြရရွိခဲ့တယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕ထံမွသိရပါတယ္။ မႏၲေလး-ရန္ကုန္ေမာင္းႏွင္လာတဲ့ ေ႐ႊစင္စၾကၤာခရီးသည္တင္ယာဥ္ကို လားရာတူ ေမာင္းႏွင္လာတဲ့ မင္းသစၥာခရီးသည္တင္ယာဥ္က ေနာက္ကဝင္တိုက္မိတာလည္းျဖစ္ပါတယ္။
“ အခုေတာ့ အမႈဖြင့္ထားတယ္။ ေရွ႕က ေ႐ႊစင္စၾကၤာခရီးသည္ယာဥ္က ပစၥည္းခ်ဖို႔အရွိန္ေလ်ာ့ၿပီးေဘးကပ္ရပ္တာကို မလြတ္ဘဲနဲ႔ေနာက္ကားကဝင္တိုက္တာ။ ညဆိုေတာ့ သိတဲ့တိုင္းပဲ။ ႐ုတ္တရက္ဆိုေတာ့ ေရွာင္ဖို႔မလြယ္ဘူး။ ေသဆုံးသူေတာ့မရွိပါဘူး။ဒဏ္ရာရတဲ့ သူေတြကိုေတာ့ ေနျပည္ေတာ္ ကုတင္(၁၀၀၀)ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္” လို႔ အျမန္လမ္းမႀကီး ပေလြးရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက Duwun ကိုေျပာပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ ေ႐ႊစင္စၾကၤာခရီးသည္ယာဥ္မွ က်ား(၁)ဦး၊ မ(၁)ဦးနဲ႔ မင္းသစၥာခရီးသည္တင္ယာဥ္မွ သံဃာ(၁)ပါး၊ က်ား (၆)ဦး၊ မ(၇)ဦးဒဏ္ရာရရွိခဲ့ၿပီး စုစုေပါင္း ခရီးသည္ (၁၆)ဦးဒဏ္ရာရရွိခဲ့ပါတယ္။ ဒဏ္ရာရရွိတဲ့ လူနာေတြထဲမွာ စိုးရိမ္ရတဲ့ လူနာမပါရွိဘဲ ပြန္းပဲ့ဒဏ္ရာရရွိတဲ့ လူနာေလာက္သာပါတယ္လို႔ ပေလြးရဲစခန္းမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့ပါတယ္။

No comments:

Powered by Blogger.