ယနေ့ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး နောက်ဆုံးပေါ် ထိပ်တန်းနည်းပညာများ

အပြောင်းအလဲများတဲ့ အထဲမှာ ထိပ်ဆုံးကတော့ နည်းပညာတွေပဲ ဖြစ်ပါလိမ့်မယ်။ တစ်နေ့ပြီး တစ်နေ့ မရိုးနိုင်အောင် ထွက်ရှိနေတဲ့ နည်းပညာအသစ်အဆန်းတွေ၊နာရီပိုင်းနဲ့ အမျှ အသစ်တွေထွက်နေတဲ့နည်းပညာတွေက အရှိန်အဟုန်နဲ့ အရှေ့ကို သွားနေဆဲပါပဲ။ အရင်တုန်းက စိတ်ကူးယဉ်ရုပ်ရှင်ကားတွေ၊ စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာသာ ကြုံတွေ့ရမယ့် နည်းပညာအသစ်အဆန်းတွေကို အခုတော့ လက်တွေ့မြင်တွေ့လာခဲ့ကြရပါပြီ။ ဒီကနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ နည်းပညာတွေထဲက လူစိတ်ဝင်စားမှု အများဆုံး ထိပ်တန်းနည်းပညာတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Machine Learning

Machine Learning ကတော့ ပေါ်တာ အတော်ကြီးကိုကြာပါပြီ။ ဒါပေမယ့် အခုအချိန်အထိ ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်တဲ့ နည်းပညာတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် Machine Learning က ခေတ်တစ်ခေတ်ရဲ့ အရွေ့ကို သိသိသာသာပြောင်းလဲစေနိုင်ခဲ့ပါတယ်။

Machine Learning ရဲ့ အားသာချက်တွေထဲက တစ်ချက်ကတော့ ကောက်ယူရရှိထားတဲ့ အချက်အလက်(data)တွေနဲ့ အနာဂါတ်မှာ ဖြစ်လာနိုင်ချေရှိတာတွေကို ကြိုတင်ခန့်မှန်းလို့ရတဲ့ အချက်ပါပဲ။ ဥပမာဆိုရရင် Machine Learning မော်ဒယ်တစ်ခုဟာ တောမီးလောင်မှုတွေကို ကြိုတင်ခန့်မှန်းလို့ရပါတယ်။

(၂) Augmented Reality

AR လို့ လူတွေ သိကြတဲ့ Augmented Reality ကတော့ အရင်တုန်းကတော့ အထူးအဆန်းနည်းပညာတစ်ခုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူတိုင်းနီးပါးလောက် အသုံးပြုလာခဲ့ကြပါပြီ။ AR စနစ်ကို အသုံးပြုထားတဲ့ အရာတွေကလည်း လူတွေရဲ့ လက်တစ်ကမ်းမှာ ရောက်ရှိလာခဲ့ပါတယ်။ Pokemon Go တို့လို ဂိမ်းမျိုးတွေ၊  Snapchat တို့လို လူမှုကွန်ရက်တွေမှာလည်း AR စနစ်ကို ထည့်သွင်းထားပါတယ်။

(၃) Artificial Intelligence

Artificial Intelligence ရဲ့ အတိုကောက်ကတော့ AI ပါ။ အခုအချိန်မှာ ခေတ်အစားဆုံး နည်းပညာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ AI ကို အသုံးချပြီး လုပ်ငန်းလုပ်ဆောင်နေတဲ့အထဲမှာ အစိုးရလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေကအစ ပါဝင်ပါတယ်။ အခုအချိန်အထိ AIကို အသုံးပြုတာကြောင့် လုံခြုံရေးအချက်အလက်တွေနဲ့ပတ်သက်ပြီးကောင်းတာရော၊ဆိုးတာရော ရှိတာတွေကြောင့် အငြင်းပွားမှုတွေလည်း မကြာခဏဖြစ်လေ့ရှိပါတယ်။

(၄) Blockchain

Blockchain နည်းပညာကတော့ လူတွေ နေ့စဉ် ဆက်ဆံထိတွေ့နေရတဲ့ နည်းပညာအသစ်တစ်ခုဖြစ်လာခဲ့ပါပြီ။ အွန်လိုင်းပေါ်ကနေ ငွေလွှဲငွေထုတ်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာတွေမှာ Blockchain နည်းပညာကို အသုံးပြုကြပါတယ်။ Blockchain နည်းပညာကို သင်ယူဖို့ အင်မတန်ခက်ခဲပြီး လူတချို့ဟာ Blockchain အကြောင်းနှံ့စပ်ကျွမ်းကျင်ကြပါတယ်။

(၅) Virtual Reality

VR ကတော့ ကျွန်တော်တို့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိနေပြီဖြစ်တဲ့ နည်းပညာအသစ်တစ်ခုပါ။ VR Headset တစ်ခုတပ်လိုက်တာနဲ့ အရာဝတ္ထုတွေ၊ ပုံရိပ်တွေကို တကယ်မြင်တွေ့နေတဲ့အတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ VR ကို ကျယ်ကျယ်ပျံ့ပျံ့အသုံးပြုနေတာကတော့ ဂိမ်းလုပ်ငန်းတွေမှာပါ။ နောင်သိပ်မကြာခင်အချိန်မှာ အဝတ်အစားဝယ်တဲ့နေရာတွေမှာ VR နဲ့ တပ်ကြည့်ပြီး အကျီ ၤရဲ့ ဆိုဒ်၊ ကိုယ်နဲ့လိုက်တာ – မလိုက်တာ ၊ အဆင်ပြေ-မပြေ တွေကိုပါ အထိ ရွေးချယ်လာနိုင်မှာပါ။

(၆) Security Intelligence

SI လို့ လူတွေ သိကြတဲ့ Security Intelligence ကတော့ လုံခြုံရေးအထူးပြုနည်းပညာတစ်ခုပါ။ အင်တာနက်ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ကိုယ်ရေးအချက်အလက်တွေ၊ အရေးကြီးအချက်အလက်တွေဟာ မသမာသူ နည်းပညာကျွမ်းကျင်သူတွေရဲ့ လက်ထဲကို အချိန်မရွေး ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလိုမျိုး အချက်အလက်တွေ မပေါက်ကြားအောင် SI က လုပ်ဆောင်ပေးနိုင်ပါတယ်။

(၇) Data Analytics

အရင် အရင်ခေတ်တွေတုန်းကတော့ ရွှေရှိရင် ချမ်းသာနိုင်တယ်လို့ဆိုကြပါတယ်။ အခုအချိန် အင်တာနက်ခေတ်မှာတော့ Data တွေ ရှိတဲ့သူက အကောင်ပါပဲ။ Data များများ စုမိလေ အရာအားလုံးကို ထိန်းချုပ်နိုင်ဖို့၊ စီမံခန့်ခွဲနိုင်ဖို့ ပိုလွယ်ကူလာလေလေပါပဲ။ Data Analytics ဆိုတာက ကောက်ယူရရှိထားတဲ့ Data တွေကို မိမိ လုပ်ငန်းအတွက် စီမံခန့်ခွဲပေးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

(၈) Internet of things

Internet of things လို့ ခေါ်တဲ့ IOT ဟာ electronic engineers တွေအတွက်တော့ မစိမ်းမယ့် နည်းပညာတစ်ခုပါ။ IOT နည်းပညာဟာ အာကာသထဲမှာ ရှိနေတဲ့ ဂြိုလ်တုတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး အဲဒီဂြိုလ်တူတွေကတစ်ဆင့်လည်း စေခိုင်းချက်တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ IOT နည်းပညာဟာ အလွန်အရေးကြီးတဲ့ နည်းပညာတစ်ခုဖြစ်ပြီး သူ့ကြောင့် အကောင်းဘက်ပြောင်းလဲမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အေျပာင္းအလဲမ်ားတဲ့ အထဲမွာ ထိပ္ဆုံးကေတာ့ နည္းပညာေတြပဲ ျဖစ္ပါလိမ့္မယ္။ တစ္ေန႔ၿပီး တစ္ေန႔ မရိုးႏိုင္ေအာင္ ထြက္ရိွေနတဲ့ နည္းပညာအသစ္အဆန္းေတြ၊နာရီပိုင္းနဲ႔ အမွ် အသစ္ေတြထြက္ေနတဲ့နည္းပညာေတြက အရိွန္အဟုန္နဲ႔ အေရွ႕ကို သြားေနဆဲပါပဲ။ အရင္တုန္းက စိတ္ကူးယဥ္ရုပ္ရွင္ကားေတြ၊ စိတ္ကူးယဥ္ဝတၳဳေတြထဲမွာသာ ႀကံဳေတြ႕ရမယ့္ နည္းပညာအသစ္အဆန္းေတြကို အခုေတာ့ လက္ေတြ႕ျမင္ေတြ႕လာခဲ့ၾကရပါၿပီ။ ဒီကေန႔ ကမာၻမွာေခတ္စားေနတဲ့ နည္းပညာေတြထဲက လူစိတ္၀င္စားမႈ အမ်ားဆံုး ထိပ္တန္းနည္းပညာေတြကို စာဖတ္ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Machine Learning

Machine Learning ကေတာ့ ေပၚတာ အေတာ္ႀကီးကိုၾကာပါၿပီ။ ဒါေပမယ့့္ အခုအခ်ိန္အထိ ထိပ္ဆုံးမွာ ရိွေနဆဲျဖစ္တဲ့ နည္းပညာတစ္ခုပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းကဆုိရင္ Machine Learning က ေခတ္တစ္ေခတ္ရဲ႕ အေရြ႕ကို သိသိသာသာေျပာင္းလဲေစႏိုင္ခဲ့ပါတယ္။

Machine Learning ရဲ႕ အားသာခ်က္ေတြထဲက တစ္ခ်က္ကေတာ့ ေကာက္ယူရရိွထားတဲ့ အခ်က္အလက္(data)ေတြနဲ႔ အနာဂါတ္မွာ ျဖစ္လာႏိုင္ေခ်ရိွတာေတြကို ႀကိဳတင္ခန္႔မွန္းလုိ႔ရတဲ့ အခ်က္ပါပဲ။ ဥပမာဆုိရရင္ Machine Learning ေမာ္ဒယ္တစ္ခုဟာ ေတာမီးေလာင္မႈေတြကို ႀကိဳတင္ခန္႔မွန္းလုိ႔ရပါတယ္။

(၂) Augmented Reality

AR လုိ႔ လူေတြ သိၾကတဲ့ Augmented Reality ကေတာ့ အရင္တုန္းကေတာ့ အထူးအဆန္းနည္းပညာတစ္ခုျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လူတိုင္းနီးပါးေလာက္ အသုံးျပဳလာခဲ့ၾကပါၿပီ။ AR စနစ္ကုိ အသုံးျပဳထားတဲ့ အရာေတြကလည္း လူေတြရဲ႕ လက္တစ္ကမ္းမွာ ေရာက္ရိွလာခဲ့ပါတယ္။ Pokemon Go တုိ႔လုိ ဂိမ္းမ်ိဳးေတြ၊  Snapchat တုိ႔လုိ လူမႈကြန္ရက္ေတြမွာလည္း AR စနစ္ကုိ ထည့္သြင္းထားပါတယ္။

(၃) Artificial Intelligence

Artificial Intelligence ရဲ႕ အတုိေကာက္ကေတာ့ AI ပါ။ အခုအခ်ိန္မွာ ေခတ္အစားဆုံး နည္းပညာတစ္ခုလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ AI ကုိ အသုံးခ်ၿပီး လုပ္ငန္းလုပ္ေဆာင္ေနတဲ့အထဲမွာ အစိုးရလုပ္ငန္းေတြ၊ ဆက္သြယ္ေရးလုပ္ငန္းေတြနဲ႔ ေဖ့စ္ဘြတ္ခ္လုိ လူမႈကြန္ရက္ေတြကအစ ပါဝင္ပါတယ္။ အခုအခ်ိန္အထိ AIကုိ အသုံးျပဳတာေၾကာင့္ လုံၿခံဳေရးအခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီးေကာင္းတာေရာ၊ဆိုးတာေရာ ရိွတာေတြေၾကာင့္ အျငင္းပြားမႈေတြလည္း မၾကာခဏျဖစ္ေလ့ရိွပါတယ္။

(၄) Blockchain

Blockchain နည္းပညာကေတာ့ လူေတြ ေန႔စဥ္ ဆက္ဆံထိေတြ႕ေနရတဲ့ နည္းပညာအသစ္တစ္ခုျဖစ္လာခဲ့ပါၿပီ။ အြန္လုိင္းေပၚကေန ေငြလႊဲေငြထုတ္တဲ့ ဘဏ္လုပ္ငန္းဆုိင္ရာေတြမွာ Blockchain နည္းပညာကုိ အသုံးျပဳၾကပါတယ္။ Blockchain နည္းပညာကို သင္ယူဖုိ႔ အင္မတန္ခက္ခဲၿပီး လူတခ်ိဳ႕ဟာ Blockchain အေၾကာင္းႏွံ႔စပ္ကြ်မ္းက်င္ၾကပါတယ္။

(၅) Virtual Reality

VR ကေတာ့ ကြ်န္ေတာ္တုိ႔ လက္တစ္ကမ္းအကြာမွာ ေရာက္ရိွေနၿပီျဖစ္တဲ့ နည္းပညာအသစ္တစ္ခုပါ။ VR Headset တစ္ခုတပ္လုိက္တာနဲ႔ အရာဝတၳဳတေြ၊ ပုံရိပ္ေတြကို တကယ္ျမင္ေတြ႕ေနတဲ့အတုိင္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ VR ကုိ က်ယ္က်ယ္ပ်ံ႕ပ်ံ႕အသုံးျပဳေနတာကေတာ့ ဂိမ္းလုပ္ငန္းေတြမွာပါ။ ေနာင္သိပ္မၾကာခင္အခ်ိန္မွာ အဝတ္အစားဝယ္တဲ့ေနရာေတြမွာ VR နဲ႔ တပ္ၾကည့္ၿပီး အက်ီ ၤရဲ႕ ဆုိဒ္၊ ကိုယ္နဲ႔လုိက္တာ – မလုိက္တာ ၊ အဆင္ေျပ-မေျပ ေတြကိုပါ အထိ ေရြးခ်ယ္လာႏိုင္မွာပါ။

(၆) Security Intelligence

SI လုိ႔ လူေတြ သိၾကတဲ့ Security Intelligence ကေတာ့ လုံၿခံဳေရးအထူးျပဳနည္းပညာတစ္ခုပါ။ အင္တာနက္ေခတ္ရဲ႕ ေဘးထြက္ဆုိးက်ိဳးတစ္ခုကေတာ့ ကိုယ္ေရးအခ်က္အလက္ေတြ၊ အေရးႀကီးအခ်က္အလက္ေတြဟာ မသမာသူ နည္းပညာကြ်မ္းက်င္သူတေြရဲ႕ လက္ထဲကို အခ်ိန္မေရြး ေရာက္ရိွသြားႏိုင္တယ္ဆိုတဲ့ အခ်က္ပါပဲ။ ဒီလုိမ်ိဳး အခ်က္အလက္ေတြ မေပါက္ၾကားေအာင္ SI က လုပ္ေဆာင္ေပးႏိုင္ပါတယ္။

(၇) Data Analytics

အရင္ အရင္ေခတ္ေတြတုန္းကေတာ့ ေရႊရိွရင္ ခ်မ္းသာႏိုင္တယ္လုိ႔ဆုိၾကပါတယ္။ အခုအခ်ိန္ အင္တာနက္ေခတ္မွာေတာ့ Data ေတြ ရိွတဲ့သူက အေကာင္ပါပဲ။ Data မ်ားမ်ား စုမိေလ အရာအားလုံးကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔၊ စီမံခန္႔ခြဲႏိုင္ဖုိ႔ ပိုလြယ္ကူလာေလေလပါပဲ။ Data Analytics ဆိုတာက ေကာက္ယူရရိွထားတဲ့ Data ေတြကို မိမိ လုပ္ငန္းအတြက္ စီမံခန္႔ခြဲေပးႏိုင္တဲ့ နည္းပညာတစ္ခုျဖစ္ပါတယ္။

(၈) Internet of things

Internet of things လုိ႔ ေခၚတဲ့ IOT ဟာ electronic engineers ေတြအတြက္ေတာ့ မစိမ္းမယ့္ နည္းပညာတစ္ခုပါ။ IOT နည္းပညာဟာ အာကာသထဲမွာ ရိွေနတဲ့ ၿဂိဳလ္တုေတြကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ၿပီး အဲဒီၿဂိဳလ္တူေတြကတစ္ဆင့္လည္း ေစခုိင္းခ်က္ေတြ ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ IOT နည္းပညာဟာ အလြန္အေရးႀကီးတဲ့ နည္းပညာတစ္ခုျဖစ္ၿပီး သူ႔ေၾကာင့္ အေကာင္းဘက္ေျပာင္းလဲမႈေတြလည္း ျဖစ္ခဲ့ပါတယ္။

No comments:

Powered by Blogger.