မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ အား UAB Bank မှ sponsor ပေးအပ်
UAB Bank မှ လူငယ်များရဲ့ လုပ်ပိုင်ခွင့်နှင့် အမျိုးသမီးများရဲ့ လုပ်ပိုင်ခွင့်များကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့သည့်အနေဖြင့် ၂၀၁၉ ခုနှစ် ၊နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံ ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ အား sponsor ပေးအပ်ခြင်းနှင့် အတူ sponsorship စာချုပ်အား သဘောတူစာချုပ်လက်မှတ်ထိုးခြင်းပွဲကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ အားကစား မီဒီယာများ အဖွဲ့ချုပ်မှ ၂၀၁၈ ခုနှစ်အတွက် အတိုးတက်ဆုံး အားကစားသမားဆုကို မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရရှိခဲ့ပါသေးတယ်။ အတိုးတက်ဆုံး အားကစားသမားဆု အပြင် ဂုဏ်ပြုဆုငွေများအဖြစ် UAB Bank မှ 10 သိန်း ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ 5 သိန်း တို့ကို မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ အား ချီးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။
ကမ္ဘာ့အဆင့်တက်ဖို့ အတွက် နိုင်ငံတကာပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်တွေ အောင်မြင်မှုတွေရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ ခုချိန်မှာတော့ ကမ္ဘာ့အဆင့် ၆၃ ကို တက်လှမ်းလာနိုင်ပြီပဲ ဖြစ်ပါတယ်။ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကနေပြီး အပတ်စဉ် အဆင့်ထုတ်ပြန်ချက်တွေအရ သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းမှာ ကမ္ဘာ့အဆင့် ၆၃ ထိတက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်…ယခင်ကတော့ ကမ္ဘာ့အဆင့် ၆၅ မှာ ရပ်တည်နေတာဖြစ်လို့ ယခု ၂ ဆင့်မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

No comments: