ဦးဇင်ဝိုင်းကို မနုတ်ထွက်စေချင်ဘူးဆိုတဲ့ ရန်အောင်

အနုပညာလောကထဲမှာ အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားတဲ့ ရန်အောင်ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဦးဇင်ဝိုင်းအကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဦးဇင်ဝိုင်းကို ကြည့်ရတာလေ သူ အရမ်းကို ဖိအားတွေ များနေတယ်လို့ထင်တယ်။ အစ်ကိုနဲ့လည်း ဖုန်းတွေပြောဖြစ်တယ်။ တစ်ခါတလေကျရင် သူပြောချင်တဲ့ စကားတွေကို နားထောင်တယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်တာပေါ့နော်။ သူ့ကိုယ်သူလည်း အားမလို အားမရဖြစ်တာပါတယ်။ အစ်ကို ဒါက အများအတွက်လုပ်တာလို့ နှစ်သိမ့်ဖြစ်တယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် ရန်အောင်ဟာ ဦးဇင်ဝိုင်းကို ရုပ်ရှင်ဥက္ကဌရာထူးကနေ မနုတ်ထွက်စေချင်ဘူူးလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အစ်ကိုက အသည်းငယ်တယ်ခင်ဗျ။ ဒီလိုပါပဲလေ ကောင်းတာလုပ်ပြီး ကောင်းတာအပြောမခံရရင် နည်းနည်းတော့ ခံစားရမှာပဲလေ။ အခုတော့ သူ့ ကြည့်ရတာ နည်းနည်း ထူသွားပုံရတယ်။ ကျွန်တော်လည်း ဂဃဏနတော့ မသိဘူးခင်ဗျ။ ကျွန်တော်နဲ့ မဆင့်နဲ့တောင် သူ့ဆီသွားမလို့ တိုင်ပင်ဖြစ်ပါသေးတယ်။ သတင်းတွေလည်း ထုတ်ပြန်ပြီးသွားပြီဆိုတော့ နားပါစေတော့ပေါ့။ ကျွန်တော်ကတော့ သူ့ကို မထွက်စေချင်ဘူးဗျာ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရုပ်ရှင်အစည်းအရုံးကထိန် ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဦးဇင်ဝိုင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးထမ်းဆောင်ခဲ့ချိန်မှာလည်း ကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့တယ်လို့ ရန်အောင်က ပြောပါတယ်။

‘’ သူက ကောင်းတာတွေလုပ်တယ်။ အကျိုးရှိတာတွေလည်း သူလုပ်ပါတယ်။ ရုံရှင် ကိစ္စတွေမှာလည်း အဆင်ပြေအောင် သူ ညှိနှိုင်းပေးတယ်။ အကယ်ဒမီ ကိစ္စတွေမှာလည်း အပြောအဆို လွတ်အောင် စည်းမျဉ်းစည်းကမ်းတွေကို သူ သေချာ လုပ်သွားတယ်။ သူလုပ်နေကြ အနုပညာအလုပ်တွေလည်း မလုပ်ရဘူး။ ပြီးတော့ အများကိစ္စတွေကိုမှ သူ့ကို ကျောက်တုံးကြီးတွေနဲ့ စောင့်သလို ခံစားရမှာပေါ့နော်။ ဒီကိစ္စတွေကိုလည်း ကိုဇင်ဝိုင်းက အစောကြီးကတည်းက သိပြီးဖြစ်မှာပါ။ ဒါကိုမှ သူတော်တော်လေး မခံမရပ်နိုင်လောက်အောင်ဖြစ်လို့ လုပ်တယ်လို့ပဲ ကျွန်တော် ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။
အႏုပညာေလာကထဲမွာ အကယ္ဒမီဆုမ်ားစြာ ပိုင္ဆိုင္ထားတဲ့ ရန္ေအာင္ကေတာ့ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌရာထူးကေန ႏုတ္ထြက္ခဲ့တဲ့ ဦးဇင္ဝိုင္းအေၾကာင္းေတြကို မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ ဦးဇင္ဝိုင္းကို ၾကည့္ရတာေလ သူ အရမ္းကို ဖိအားေတြ မ်ားေနတယ္လို႔ထင္တယ္။ အစ္ကိုနဲ႔လည္း ဖုန္းေတြေျပာျဖစ္တယ္။ တစ္ခါတေလက်ရင္ သူေျပာခ်င္တဲ့ စကားေတြကို နားေထာင္တယ္။ စိတ္ေထာင္းကိုယ္ေၾကျဖစ္တာေပါ့ေနာ္။ သူ႔ကိုယ္သူလည္း အားမလို အားမရျဖစ္တာပါတယ္။ အစ္ကို ဒါက အမ်ားအတြက္လုပ္တာလို႔ ႏွစ္သိမ့္ျဖစ္တယ္’’ လို႔ ဆိုပါတယ္။

အဲဒီေနာက္ ရန္ေအာင္ဟာ ဦးဇင္ဝိုင္းကို ႐ုပ္ရွင္ဥကၠဌရာထူးကေန မႏုတ္ထြက္ေစခ်င္ဘူူးလို႔လည္း ေျပာျပခဲ့ျပန္ပါေသးတယ္။

‘’ အစ္ကိုက အသည္းငယ္တယ္ခင္ဗ်။ ဒီလိုပါပဲေလ ေကာင္းတာလုပ္ၿပီး ေကာင္းတာအေျပာမခံရရင္ နည္းနည္းေတာ့ ခံစားရမွာပဲေလ။ အခုေတာ့ သူ႔ ၾကည့္ရတာ နည္းနည္း ထူသြားပုံရတယ္။ ကြၽန္ေတာ္လည္း ဂဃဏနေတာ့ မသိဘူးခင္ဗ်။ ကြၽန္ေတာ္နဲ႔ မဆင့္နဲ႔ေတာင္ သူ႔ဆီသြားမလို႔ တိုင္ပင္ျဖစ္ပါေသးတယ္။ သတင္းေတြလည္း ထုတ္ျပန္ၿပီးသြားၿပီဆိုေတာ့ နားပါေစေတာ့ေပါ့။ ကြၽန္ေတာ္ကေတာ့ သူ႔ကို မထြက္ေစခ်င္ဘူးဗ်ာ’’ ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က ႐ုပ္ရွင္အစည္းအ႐ုံးကထိန္ ပြဲမွာ ေျဖဆိုခဲ့တာပါ။

ဦးဇင္ဝိုင္း ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ရာထူးထမ္းေဆာင္ခဲ့ခ်ိန္မွာလည္း ေကာင္းတဲ့အရာေတြ အမ်ားႀကီးလုပ္ခဲ့တယ္လို႔ ရန္ေအာင္က ေျပာပါတယ္။

‘’ သူက ေကာင္းတာေတြလုပ္တယ္။ အက်ိဳးရွိတာေတြလည္း သူလုပ္ပါတယ္။ ႐ုံရွင္ ကိစၥေတြမွာလည္း အဆင္ေျပေအာင္ သူ ညႇိႏႈိင္းေပးတယ္။ အကယ္ဒမီ ကိစၥေတြမွာလည္း အေျပာအဆို လြတ္ေအာင္ စည္းမ်ဥ္းစည္းကမ္းေတြကို သူ ေသခ်ာ လုပ္သြားတယ္။ သူလုပ္ေနၾက အႏုပညာအလုပ္ေတြလည္း မလုပ္ရဘူး။ ၿပီးေတာ့ အမ်ားကိစၥေတြကိုမွ သူ႔ကို ေက်ာက္တုံးႀကီးေတြနဲ႔ ေစာင့္သလို ခံစားရမွာေပါ့ေနာ္။ ဒီကိစၥေတြကိုလည္း ကိုဇင္ဝိုင္းက အေစာႀကီးကတည္းက သိၿပီးျဖစ္မွာပါ။ ဒါကိုမွ သူေတာ္ေတာ္ေလး မခံမရပ္ႏိုင္ေလာက္ေအာင္ျဖစ္လို႔ လုပ္တယ္လို႔ပဲ ကြၽန္ေတာ္ ထင္ပါတယ္’’ လို႔ သူကဆိုပါတယ္။

ရန္ေအာင္ကို ကိုရန္ေလးဆိုၿပီးေတာ့ အႏုပညာေလာကသားေတြေရာ ပရိသတ္ေတြပါ ခ်စ္စႏိုးေခၚျခင္းကို ခံရတဲ့ ရန္ေအာင္ဟာ အကယ္ဒမီ ဆု (၆)ဆုကို ရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ပါတယ္။ ၁၉ ၉ ၁ ခုႏွစ္က မယ္သီတာလိုမိန္းကေလး ၊၁၉၉၅ ခုႏွစ္က ပုဂံမွာ သာတဲ့လ ၊၁၉၉၆ ခုႏွစ္က အလင္းေဖ်ာ့ေကာင္းကင္ ၊၁၉၉၈ ခုႏွစ္က ညမင္းသား ၊ ၂ဝဝဝ ခုႏွစ္က ေမာဟမ်ဥ္းၿပိဳင္မ်ား ႏွင့္ ၂ဝဝ၆ ခုႏွစ္က ဂုဏ္ရွိန္ျပင္းတဲ့ခ်စ္ျခင္းသိကၡာ ဇာတ္ကားမ်ားနဲ႔ ဇာတ္ေဆာင္အကယ္ဒမီမ်ား ရရွိထားသူ ျဖစ္ပါတယ္။

No comments:

Powered by Blogger.