မလှိုင်မြို့နယ်တွင် ပံ့သကူ ကော်ဖီမစ်ထုပ်စားမိရာက ကျောင်းသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သုံးတောင်ရွာမှာ နိုဝင်ဘာ ၁၁ ရက်ညနေက ပံ့သကူကောက်ရင်းတွေ့ရှိတဲ့ ကော်ဖီမစ်ထုပ်ကို စားမိပြီး အစာအဆိပ်သင့်ကာ ကျောင်းသူ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။

သုံးတောင်ရွာအလယ်တန်းကျောင်းနေ ၆ တန်းကျောင်းသူ မရွှေနန်းနွယ် (၁၃ နှစ်)နဲ့ ၁ တန်းကျောင်းသူ မထက်နန်းနွယ်(၆နှစ်)တို့ညီအစ်မနှစ်ဦး ပံ့သကူကောက်ရင်းတွေ့ရှိတဲ့ ကော်ဖီမစ်ထုပ်နှစ်ထုပ်ကို တယောက် တထုပ်စီဖောက်ပြီး မြိုချခဲ့ရာက မူးဝေအာ့အန် သတိလစ်သွားတဲ့အတွက် ဆေးရုံပို့ဆောင်ခဲ့ရာမှာ သေဆုံးသွားခဲ့ပါတယ်။

နှောကန်ရွာရဲစခန်းတာဝန်ကျရဲအရာရှိက “အရင်က စားထားခဲ့တဲ့ အစားအစာနဲ့ ကော်ဖီမစ်နဲ့ မတည့်တာထင်တယ်။ မူးဝေပြီး အန်တယ်။ သတိလစ်သွားတယ်။ ရွာနဲ့အနီးဆုံး နွားထိုးကြီးဆေးရုံမှာ ဆေးကုနေတုန်း ညီအမ နှစ်ဦးလုံး သေဆုံးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မရွှေနန်းနွယ်နဲ့ မထက်နန်းနွယ်တို့ သေဆုံးခြင်းဟာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။
မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္၊ သုံးေတာင္႐ြာမွာ ႏိုဝင္ဘာ ၁၁ ရက္ညေနက ပံ့သကူေကာက္ရင္းေတြ႕ရွိတဲ့ ေကာ္ဖီမစ္ထုပ္ကို စားမိၿပီး အစာအဆိပ္သင့္ကာ ေက်ာင္းသူ ၂ ဦး ေသဆုံးသြားခဲ့တယ္လို႔ ေႏွာကန္႐ြာရဲစခန္းက ေျပာပါတယ္။

သုံးေတာင္႐ြာအလယ္တန္းေက်ာင္းေန ၆ တန္းေက်ာင္းသူ မေ႐ႊနန္းႏြယ္ (၁၃ ႏွစ္)နဲ႔ ၁ တန္းေက်ာင္းသူ မထက္နန္းႏြယ္(၆ႏွစ္)တို႔ညီအစ္မႏွစ္ဦး ပံ့သကူေကာက္ရင္းေတြ႕ရွိတဲ့ ေကာ္ဖီမစ္ထုပ္ႏွစ္ထုပ္ကို တေယာက္ တထုပ္စီေဖာက္ၿပီး ၿမိဳခ်ခဲ့ရာက မူးေဝအာ့အန္ သတိလစ္သြားတဲ့အတြက္ ေဆး႐ုံပို႔ေဆာင္ခဲ့ရာမွာ ေသဆုံးသြားခဲ့ပါတယ္။

ေႏွာကန္႐ြာရဲစခန္းတာဝန္က်ရဲအရာရွိက “အရင္က စားထားခဲ့တဲ့ အစားအစာနဲ႔ ေကာ္ဖီမစ္နဲ႔ မတည့္တာထင္တယ္။ မူးေဝၿပီး အန္တယ္။ သတိလစ္သြားတယ္။ ႐ြာနဲ႔အနီးဆုံး ႏြားထိုးႀကီးေဆး႐ုံမွာ ေဆးကုေနတုန္း ညီအမ ႏွစ္ဦးလုံး ေသဆုံးသြားတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

မေ႐ႊနန္းႏြယ္နဲ႔ မထက္နန္းႏြယ္တို႔ ေသဆုံးျခင္းဟာ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္ စုံစမ္းစစ္ေဆးဖို႔ မလႈိင္ၿမိဳ႕နယ္ ေႏွာကန္႐ြာရဲစခန္းမွာ ေသမႈေသခင္း အမွတ္စဥ္ ၂/၂၀၁၉ နဲ႔ အမႈဖြင့္ထားပါတယ္။

No comments:

Powered by Blogger.