ဆိုင်ကလုန်းဘာဘ်ဘယ် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ပြီး လူ ၂၀ ဦး သေဆုံး

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေကို ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၂၀ ဦး သေဆုံးပြီး လူဦးရေနှစ်သန်းကျော်ဟာ မုန်တိုင်းအန္တရာယ်ကြောင့် ယာယီခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။

ဆိုင်ကလုန်းဘာဘ်ဘယ် (Cyclone Bulbul) ဟာ နိုဝင်ဘာ ၉ ရက် ညပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့စဥ် ဆိုင်လုန်းဘာဘ်ဘယ်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၇၅ မိုင်အထိ ရှိခဲ့ကြောင်းသိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဆိပ်ကမ်းနဲ့ လေဆိပ်များ ပိတ်ထားခဲ့ပါတယ်။

ဆိုင်ကလုန်းဘာဘ်ဘယ် ဖြတ်သန်းတိုက်ခတ်မှုအတွင်း အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ်မှ လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ မုန်တိုင်းတိုက်နေစဉ် ကိုလ်ကတ္တားမှာ နေအိမ်ပေါ်ကို သစ်ပင်လဲကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ သစ်ကိုင်းများကျိုးကျပြီး ထိခိုက်မိရာမှလည်း

လူသေဆုံးခဲ့ကြောင်း PTI သတင်းက ပြောပါတယ်။ Odisha ပြည်နယ်မှာလည်း မုန်တိုင်းတိုက်မှုအတွင်း လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းဘာဘ်ဘယ် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း သစ်ပင်လဲကျတွ‌ေကြာင့် လူရှစ်ဦး သေဆုံးခဲ့ပြီး အခြား လူ ၂၀ ထက်မနည်း ဒဏ်ရာရဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းတိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ်မှာ Meghna မြစ်ထဲမှာ ငါးဖမ်းသမား ငါးဦးပျောက်ဆုံးနေကြောင်း ခရိုင်အုပ်ချုပ်ရေးအရာရှိ Masud Alam Siddiqui က AFP သတင်းဌာနကို ပြောပါတယ်။

ဆိုင်ကလုန်းဘာဘ်ဘယ် တိုက်ခတ်မှုကြောင့် ရွှံ့ဖြင့်ဆောက်လုပ်ထားပြီး အခိုင်အခံ့မဟုတ်တဲ့ နေအိမ် ၄,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူ ရှာဟ်ကမဲလ်က ပြောခဲ့ပါတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနိမ့်ပိုင်း ကမ်းရိုးတန်းနေရာမှာ တည်ရှိပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်မှုကို ပုံမှန်ကြုံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ် အနည်းငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ဆိုင်ကလုန်းဆစ်ဒ်အာ (Cyclone Sidr) တိုက်ခတ်မှုကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း လတ်တလော နှစ်များအတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု တိုးတက်လာခဲ့ပြီး သေဆုံးသူအရေအတွက်ကို လျှော့ချလာနိုင်ခဲ့ပါတယ်။ ယခုနှစ်မေလက ငါးနှစ်အတွင်း အားအကောင်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖန်နီ (Cyclone Fani) ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပေမဲ့ သေဆုံးသူအရေအတွက် တစ်ဒါဇင်ကျော်မျှသာရှိခဲ့ကြောင်း သိရပါတယ်။
အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ကမ္း႐ိုးတန္းေဒသေတြကို ဆိုင္ကလုန္းမုန္တိုင္း ဘာဘ္ဘယ္ ဝင္ေရာက္တိုက္ခတ္ခဲ့ရာ လူ ၂၀ ဦး ေသဆုံးၿပီး လူဦးေရႏွစ္သန္းေက်ာ္ဟာ မုန္တိုင္းအႏၲရာယ္ေၾကာင့္ ယာယီခိုလႈံေရးစခန္းေတြမွာ ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့ၾကရပါတယ္။

ဆိုင္ကလုန္းဘာဘ္ဘယ္ (Cyclone Bulbul) ဟာ ႏိုဝင္ဘာ ၉ ရက္ ညပိုင္းက ကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့တာ ျဖစ္ပါတယ္။ ကုန္းတြင္းပိုင္းကို ဝင္ေရာက္ခဲ့စဥ္ ဆိုင္လုန္းဘာဘ္ဘယ္ရဲ႕ ေလတိုက္ႏႈန္းဟာ တစ္နာရီလွ်င္ ၇၅ မိုင္အထိ ရွိခဲ့ေၾကာင္းသိရပါတယ္။ မုန္တိုင္းတိုက္ခတ္မႈေၾကာင္း အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြမွာ ဆိပ္ကမ္းနဲ႔ ေလဆိပ္မ်ား ပိတ္ထားခဲ့ပါတယ္။

ဆိုင္ကလုန္းဘာဘ္ဘယ္ ျဖတ္သန္းတိုက္ခတ္မႈအတြင္း အိႏၵိယႏိုင္ငံ အေနာက္ဘင္ေဂါျပည္နယ္မွ လူ ၁၀ ဦး ေသဆုံးခဲ့ပါတယ္။ မုန္တိုင္းတိုက္ေနစဥ္ ကိုလ္ကတၱားမွာ ေနအိမ္ေပၚကို သစ္ပင္လဲက်မႈေၾကာင့္ လူႏွစ္ဦး ေသဆုံးခဲ့ေၾကာင္းနဲ႔ သစ္ကိုင္းမ်ားက်ိဳးက်ၿပီး ထိခိုက္မိရာမွလည္း

လူေသဆုံးခဲ့ေၾကာင္း PTI သတင္းက ေျပာပါတယ္။ Odisha ျပည္နယ္မွာလည္း မုန္တိုင္းတိုက္မႈအတြင္း လူႏွစ္ဦးေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ဆိုင္ကလုန္းဘာဘ္ဘယ္ ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္မွာလည္း သစ္ပင္လဲက်တြ‌ေၾကာင့္ လူရွစ္ဦး ေသဆုံးခဲ့ၿပီး အျခား လူ ၂၀ ထက္မနည္း ဒဏ္ရာရဲ႕ေၾကာင္း သိရပါတယ္။ မုန္တိုင္းတိုက္မႈအတြင္း ဘဂၤလားေဒ့ရွ္မွာ Meghna ျမစ္ထဲမွာ ငါးဖမ္းသမား ငါးဦးေပ်ာက္ဆုံးေနေၾကာင္း ခ႐ိုင္အုပ္ခ်ဳပ္ေရးအရာရွိ Masud Alam Siddiqui က AFP သတင္းဌာနကို ေျပာပါတယ္။

ဆိုင္ကလုန္းဘာဘ္ဘယ္ တိုက္ခတ္မႈေၾကာင့္ ႐ႊံ႕ျဖင့္ေဆာက္လုပ္ထားၿပီး အခိုင္အခံ့မဟုတ္တဲ့ ေနအိမ္ ၄,၀၀၀ ခန႔္ ပ်က္စီးခဲ့ေၾကာင္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဌာနမွ တာဝန္ရွိသူ ရွာဟ္ကမဲလ္က ေျပာခဲ့ပါတယ္။ လူဦးေရ သန္း ၃၀ ရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ အနိမ့္ပိုင္း ကမ္း႐ိုးတန္းေနရာမွာ တည္ရွိၿပီး အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းမ်ား တိုက္ခတ္မႈကို ပုံမွန္ႀကဳံရေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ၁၀ စုႏွစ္ အနည္းငယ္အတြင္း ဆိုင္ကလုန္းမုန္တိုင္းေတြေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ လူေပါင္းသိန္းနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္က ဆိုင္ကလုန္းဆစ္ဒ္အာ (Cyclone Sidr) တိုက္ခတ္မႈေၾကာင့္ လူ ၃,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီးေနာက္ပိုင္း လတ္တေလာ ႏွစ္မ်ားအတြင္းမွာေတာ့ ဘဂၤလားေဒ့ရွ္အစိုးရက မုန္တိုင္းအတြက္ ႀကိဳတင္ျပင္ဆင္မႈ တိုးတက္လာခဲ့ၿပီး ေသဆုံးသူအေရအတြက္ကို ေလွ်ာ့ခ်လာႏိုင္ခဲ့ပါတယ္။ ယခုႏွစ္ေမလက ငါးႏွစ္အတြင္း အားအေကာင္ဆုံး ဆိုင္ကလုန္းမုန္တိုင္းဖန္နီ (Cyclone Fani) ဘဂၤလားေဒ့ရွ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့ေပမဲ့ ေသဆုံးသူအေရအတြက္ တစ္ဒါဇင္ေက်ာ္မွ်သာရွိခဲ့ေၾကာင္း သိရပါတယ္။

No comments:

Powered by Blogger.