မန်စီးတီးကို အဆင့်-၂ကနေ ၄အထိဆင်းခိုင်းလိုက်တဲ့ နည်းပြကလော့ပ်ရဲ့ လီဗာပူး

ဂိုးသမားအီဒါဆန်ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ မန်စီးတီးခံစစ်အမှားများနေခဲ့တဲ့အတွက် ဒီဘရိုင်း၊ အဂူရို၊ စတာ လင်းတို့ ဦးဆောင်လာပေမယ့် ဆာလက်ဒ်၊ မာနေးလ်၊ ဖာမီနို်တို့ဦးဆောင်လာတဲ့ လီဗာပူးကို ခက်ခက်ခဲခဲရင်ဆို င်ခဲ့ရပါတယ်။

ပွဲစစချင်းမှာတင် လီဗာပူးအသင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုများက မန်စီးတီးခံစစ်ကို အလုပ်ရှုပ်စေခဲ့တယ်လို့ဆို ရမှာပါ။ အထူးသဖြင့် အထနှေးနေတဲ့ မန်စီးတီးရဲ့ကစားကွက်ကို လီဗာပူးတို့ အခွင့်ကောင်းယူကစားခဲ့ပြီး ဦး ဆောင်ဂိုးတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် ၅မိနစ်မှာ မန်စီးတီးတို့ ဂိုးရဖို့အခွင့်အရေးရရှိခဲ့ပြီး လီဗာပူးနောက်ခံလူအာနိုးလ် လက်နဲ့ထိခဲ့တာကိုငြင်းပ ယ်ခံခဲ့ရပြီးပြီးချင်း တန်ပြန်တိုက်စစ်ကို ချက်ချင်းအစပြုခဲ့တဲ့ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကိုကွင်းလယ် ကစားသမာဖာဘင်ဟိုက ၁၈ကိုက်စည်းထိပ်ကနေ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။
ဆက်တိုက်ဆိုသလို ပွဲချိန် ၁၃မိနစ်မှာ ရော်ဘင်ဆင်ရဲ့ တည်ကျတဲ့ ဖြတ်တင်ဘောကို လီဗာပူးတိုက်စစ်မှူးဆာ လက်ဒ်က အငြင်းပွားဖွယ်ရာလူကျွံအနေအထားကနေ ခေါင်းတိုက်ဂိုးသွင်းသွားတဲ့အတွက် မန်စီးတီးတို့ ၂ဂိုးဆ က်တိုက်ပေးလိုက်ရပါတယ်။
နောက်ပိုင်းပွဲချိန်တွေမှာ မန်စီးတီးတို့ ချေပဂိုးတွေဆက်တိုက်ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အချို့နဲ့ အတူ လီဗာပူးနောက်တန်းကစားသမားတွေရဲ့ အတည်ငြိမ်ဆုံးဖျက်ထုတ်နိုင်ခဲ့ခြင်းများက မန်စီးတီးအတွက်အ ခက်အခဲဖြစ်စေခဲ့ပြီး ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်အစမှာလည်း လီဗာပူးကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး မန်စီးတီးကတော့ ဂိုးရဖို့အတွက်ပဲ တိုက်စစ်ကိုအ လွန်အကျွံအားစိုက်ခဲ့ရပါတယ်။ ပွဲချိန် ၅၁မိနစ်မှာတော့ လီဗာပူးတိုက်စစ်မှူးမာနေးလ်က အသင်းအတွက်အနိုင် သေချာစေမယ့် တတိယမြောက်ဂိုးကို မန်စီးတီးနောက်ခံလူတွေရဲ့ ပေါ့လျော့မှုကို အကောင်းဆုံးအသုံးချပြီးဂိုး အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။၃ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးတဲ့နောက် မန်စီးတီးတို့ တိုက်စစ်ကို အလွန်အကျွံလိုက်ပါခြင်းမရှိတော့ဘဲ ကစားအားအ နည်းကျလာတဲ့ အဂူရိုနေရာမှာ ဂါဘရီရယ်ဂျီဆက်ကိုထည့်ပြီးတိုက်စစ်ကို မြှင့်ခဲ့ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယို လာရဲ့ လူစားလဲဗျူဟာမှန်ကန်ခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကို လိုအပ်နေတဲ့ချေပဂိုးတစ်ဂိုးကိုပြန် ယူပေးနိုင်ခဲ့ပါတယ်။
ချေပဂိုး ၁ဂိုးပြန်ပေးခဲ့ရတဲ့အတွက် လီဗာပူးခံစစ်ဖိအားဝင်လာခဲ့ပြီး မန်စီးတီးအသင်းကလည်း စတာလင်း၊ ဂါဘ ရီရယ်ဂျီဆက်တို့ရဲ့တိုးအားလှုပ်အားတွေနဲ့ တရစပ်ခြိမ်းခြောက်တိုက်စစ်ဆင်မှုတွေပြုလုပ်လာခဲ့ပါတယ်။ စတာ လင်းကို မာနေးလ်၊ အာနိုးလ်တို့ အကြိမ်ကြိမ်ဖျက်ထုတ်ပုံကြမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗီယာရဲ့ လျစ်လျူရှုခြင်းခံခဲ့ရလို့ မန်စီးတီးနစ်နာခဲ့ရပါတယ်။နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးတို့ခံစစ်ပိုင်းကို ပိုမိုအားစိုက်ခဲ့တဲ့အတွက် မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀- ၃၀ အထိ ရရှိခဲ့ပြီး ပွဲကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးဆုံးချိန်အထိ ချေပဂိုးတွေထက်မရတော့လို့လီ ဗာပူးကပဲ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဂိုးသမားအီဒါဆန္ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ မန္စီးတီးခံစစ္အမွားမ်ားေနခဲ့တဲ့အတြက္ ဒီဘ႐ိုင္း၊ အဂူ႐ို၊ စတာ လင္းတို႔ ဦးေဆာင္လာေပမယ့္ ဆာလက္ဒ္၊ မာေနးလ္၊ ဖာမီႏို္တို႔ဦးေဆာင္လာတဲ့ လီဗာပူးကို ခက္ခက္ခဲခဲရင္ဆို င္ခဲ့ရပါတယ္။

ပြဲစစခ်င္းမွာတင္ လီဗာပူးအသင္းရဲ႕ တရစပ္တိုက္စစ္ဆင္မႈမ်ားက မန္စီးတီးခံစစ္ကို အလုပ္ရႈပ္ေစခဲ့တယ္လို႔ဆို ရမွာပါ။ အထူးသျဖင့္ အထေႏွးေနတဲ့ မန္စီးတီးရဲ႕ကစားကြက္ကို လီဗာပူးတို႔ အခြင့္ေကာင္းယူကစားခဲ့ၿပီး ဦး ေဆာင္ဂိုးေတြကို ဆက္တိုက္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ ၅မိနစ္မွာ မန္စီးတီးတို႔ ဂိုးရဖို႔အခြင့္အေရးရရွိခဲ့ၿပီး လီဗာပူးေနာက္ခံလူအာႏိုးလ္ လက္နဲ႔ထိခဲ့တာကိုျငင္းပ ယ္ခံခဲ့ရၿပီးၿပီးခ်င္း တန္ျပန္တိုက္စစ္ကို ခ်က္ခ်င္းအစျပဳခဲ့တဲ့ အိမ္ရွင္အသင္းအတြက္ ဦးေဆာင္ဂိုးကိုကြင္းလယ္ ကစားသမာဖာဘင္ဟိုက ၁၈ကိုက္စည္းထိပ္ကေန အျပင္းကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူေပးခဲ့ပါတယ္။
ဆက္တိုက္ဆိုသလို ပြဲခ်ိန္ ၁၃မိနစ္မွာ ေရာ္ဘင္ဆင္ရဲ႕ တည္က်တဲ့ ျဖတ္တင္ေဘာကို လီဗာပူးတိုက္စစ္မႉးဆာ လက္ဒ္က အျငင္းပြားဖြယ္ရာလူကြၽံအေနအထားကေန ေခါင္းတိုက္ဂိုးသြင္းသြားတဲ့အတြက္ မန္စီးတီးတို႔ ၂ဂိုးဆ က္တိုက္ေပးလိုက္ရပါတယ္။
ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ မန္စီးတီးတို႔ ေခ်ပဂိုးေတြဆက္တိုက္ရရွိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္အခ်ိဳ႕နဲ႔ အတူ လီဗာပူးေနာက္တန္းကစားသမားေတြရဲ႕ အတည္ၿငိမ္ဆုံးဖ်က္ထုတ္ႏိုင္ခဲ့ျခင္းမ်ားက မန္စီးတီးအတြက္အ ခက္အခဲျဖစ္ေစခဲ့ၿပီး ဂိုးရဖို႔႐ုန္းကန္ခဲ့ရပါတယ္။

ဒုတိယပိုင္းျပန္အစမွာလည္း လီဗာပူးကပဲ ပြဲကိုဦးေဆာင္ခဲ့ၿပီး မန္စီးတီးကေတာ့ ဂိုးရဖို႔အတြက္ပဲ တိုက္စစ္ကိုအ လြန္အကြၽံအားစိုက္ခဲ့ရပါတယ္။ ပြဲခ်ိန္ ၅၁မိနစ္မွာေတာ့ လီဗာပူးတိုက္စစ္မႉးမာေနးလ္က အသင္းအတြက္အႏိုင္ ေသခ်ာေစမယ့္ တတိယေျမာက္ဂိုးကို မန္စီးတီးေနာက္ခံလူေတြရဲ႕ ေပါ့ေလ်ာ့မႈကို အေကာင္းဆုံးအသုံးခ်ၿပီးဂိုး အျဖစ္ေျပာင္းလဲေပးခဲ့ပါတယ္။၃ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီးတဲ့ေနာက္ မန္စီးတီးတို႔ တိုက္စစ္ကို အလြန္အကြၽံလိုက္ပါျခင္းမရွိေတာ့ဘဲ ကစားအားအ နည္းက်လာတဲ့ အဂူ႐ိုေနရာမွာ ဂါဘရီရယ္ဂ်ီဆက္ကိုထည့္ၿပီးတိုက္စစ္ကို ျမႇင့္ခဲ့ပါတယ္။ မန္စီးတီးနည္းျပဂြါဒီယို လာရဲ႕ လူစားလဲဗ်ဴဟာမွန္ကန္ခဲ့ၿပီး ပြဲခ်ိန္ ၇၈မိနစ္မွာ ဘာနာဒိုေဆးလ္ဗားကို လိုအပ္ေနတဲ့ေခ်ပဂိုးတစ္ဂိုးကိုျပန္ ယူေပးႏိုင္ခဲ့ပါတယ္။
ေခ်ပဂိုး ၁ဂိုးျပန္ေပးခဲ့ရတဲ့အတြက္ လီဗာပူးခံစစ္ဖိအားဝင္လာခဲ့ၿပီး မန္စီးတီးအသင္းကလည္း စတာလင္း၊ ဂါဘ ရီရယ္ဂ်ီဆက္တို႔ရဲ႕တိုးအားလႈပ္အားေတြနဲ႔ တရစပ္ၿခိမ္းေျခာက္တိုက္စစ္ဆင္မႈေတြျပဳလုပ္လာခဲ့ပါတယ္။ စတာ လင္းကို မာေနးလ္၊ အာႏိုးလ္တို႔ အႀကိမ္ႀကိမ္ဖ်က္ထုတ္ပုံၾကမ္းခဲ့ေပမယ့္ ကြင္းလယ္ဒိုင္မိုက္ကယ္အိုလီဗီယာရဲ႕ လ်စ္လ်ဴရႈျခင္းခံခဲ့ရလို႔ မန္စီးတီးနစ္နာခဲ့ရပါတယ္။ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ လီဗာပူးတို႔ခံစစ္ပိုင္းကို ပိုမိုအားစိုက္ခဲ့တဲ့အတြက္ မန္စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၀- ၃၀ အထိ ရရွိခဲ့ၿပီး ပြဲကို ဦးေဆာင္လာႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ပြဲၿပီးဆုံးခ်ိန္အထိ ေခ်ပဂိုးေတြထက္မရေတာ့လို႔လီ ဗာပူးကပဲ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

No comments:

Powered by Blogger.