ရွှေနဒီရေယာဉ်ပေါ်က အေအေဖမ်းဆီးသွားသည့် သစ်တောဦးစီးအရာရှိ ပျောက်ဆုံးနေ

ရွှေနဒီအမြန်ရေယာဉ်ကို အေအေအဖွဲ့က စီးနင်းပြီး ဖမ်းဆီးသွားတဲ့ ခရီးသည်တွေထဲက သစ်တောဦးစီးအရာရှိ တယောက် ဒီကနေ့ထိ ပျောက်ဆုံးနေတယ်လို့ မောင်တော ခရိုင်သစ်တောရုံးက သိရပါတယ်။

ပျောက်ဆုံးနေသူဟာ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဝင်းဗိုလ် ၄၆ နှစ် ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ကဖြစ်ပါတယ်။

မောင်တောခရိုင်သစ်တောဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းက “ယနေ့အထိ ဆက်သွယ်မှုရသေးပါဘူး။ အေအေအဖွဲ့က ဖမ်းတဲ့အထဲပါသွားသလား ဒါမှမဟုတ် တိုက်ပွဲကြားမှာသေဆုံးသွားတာလားဆိုတာ ဘယ်လိုမှ ခန့်မှန်းမရနိုင်တော့ပါဘူး။ အေအေက ပထမ ၂၅ ဦး ပြန်လွှတ်တဲ့အထဲမှာလည်း ပါလာတာမရှိပါဘူး။ ယခု ပြန်လွှတ်ပေးတဲ့ ၁၇ ဦးမှာ လည်း ပါမလာသေးပါဘူး။ သူမှာပါလာတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ရွှေနဒီ အမြန်ရေယာဉ်က လက်ခံရရှိထားပါတယ်။ ဒီကိစ္စတွေကို ပြည်နယ်နဲ့ ဗဟိုကို တင်ပြထား ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ မေယုမြစ်ထဲမှာပြေးဆွဲ‌နေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အောက်တိုဘာ ၂၆ ရက်မှာ အေအေတပ်ဖွဲ့က ရေယာဉ်ပေါ်ကနေ လူ ၅၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ တပ်မတော် ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ထားပါတယ်။

ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေဖမ်းဆီးသွားတဲ့ အရပ်သား ၂၅ ယောက်ကိုတော့ နိုဝင်ဘာလ ၅ ရက်နေမှာ အေအေ အဖွဲ့က ပြန်လည်လွတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ သစ်တောဦးစီးအရာရှိ ပါဝင်လာတာ မရှိသလို တပ်မတော်က ကယ်ဆယ်ထားသူ ၁၅ ယောက်ထဲမှာလည်းပါဝင်တာ မရှိသေးပါဘူး။

အေအေတပ်ဖွဲ့က ဖမ်းဆီးထားသူ ၁၇ ဦးစာရင်းကို နိုဝင်ဘာ ၁၁ ရက်နေ့က ဓာတ်ပုံတွေနဲ့ထုတ်ပြန်ရာမှာလည်း သစ်တောအရာရှိရဲ့ အမည်နဲ့ ဓာတ်ပုံ ပါဝင်ခြင်းမရှိပါဘူး။

အေအေက ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ အမှတ် ၁ နယ်ခြားစောင့်တပ်က ဗိုလ်ကြီး (ဒုရဲမှူး)ကြည်စိုး၊ ခမရ ၃၄၅ က ဗိုလ်ကြီးညီညီဇော်၊ စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းက ရဲအုပ်ညီညီထွေး၊ အောက်တိုဘာ ၂၇ ရက်နေ့ ကျောက်တော်အပေါက်ဝလမ်းမှာ ဖမ်းသွားတဲ့ ကျောက်တော်အပေါက်ဝ စခန်းက ဒုရဲအုပ် မျိုးကိုကို စသူတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
 ေ႐ႊနဒီအျမန္ေရယာဥ္ကို ေအေအအဖြဲ႕က စီးနင္းၿပီး ဖမ္းဆီးသြားတဲ့ ခရီးသည္ေတြထဲက သစ္ေတာဦးစီးအရာရွိ တေယာက္ ဒီကေန႔ထိ ေပ်ာက္ဆုံးေနတယ္လို႔ ေမာင္ေတာ ခ႐ိုင္သစ္ေတာ႐ုံးက သိရပါတယ္။

ေပ်ာက္ဆုံးေနသူဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ သစ္ေတာဦးစီးအရာရွိ ဦးဝင္းဗိုလ္ ၄၆ ႏွစ္ ျဖစ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕ကျဖစ္ပါတယ္။

ေမာင္ေတာခ႐ိုင္သစ္ေတာဦးစီးဌာနက လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးစိုးဝင္းက “ယေန႔အထိ ဆက္သြယ္မႈရေသးပါဘူး။ ေအေအအဖြဲ႕က ဖမ္းတဲ့အထဲပါသြားသလား ဒါမွမဟုတ္ တိုက္ပြဲၾကားမွာေသဆုံးသြားတာလားဆိုတာ ဘယ္လိုမွ ခန႔္မွန္းမရႏိုင္ေတာ့ပါဘူး။ ေအေအက ပထမ ၂၅ ဦး ျပန္လႊတ္တဲ့အထဲမွာလည္း ပါလာတာမရွိပါဘူး။ ယခု ျပန္လႊတ္ေပးတဲ့ ၁၇ ဦးမွာ လည္း ပါမလာေသးပါဘူး။ သူမွာပါလာတဲ့ အသုံးအေဆာင္ပစၥည္းေတြကိုေတာ့ ေ႐ႊနဒီ အျမန္ေရယာဥ္က လက္ခံရရွိထားပါတယ္။ ဒီကိစၥေတြကို ျပည္နယ္နဲ႔ ဗဟိုကို တင္ျပထား ပါတယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္ထဲမွာေျပးဆြဲ‌ေနတဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ကို ေအာက္တိုဘာ ၂၆ ရက္မွာ ေအေအတပ္ဖြဲ႕က ေရယာဥ္ေပၚကေန လူ ၅၈ ေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားခ်ိန္မွာ တပ္မေတာ္ ရဟတ္ယာဥ္ေတြေပၚကေန ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးသူေတြရွိခဲ့သလို ထြက္ေျပးလြတ္ေျမာက္သြားသူေတြလည္း ရွိခဲ့တယ္လို႔ ေအေအက သတင္းထုတ္ျပန္ထားပါတယ္။

ေ႐ႊနဒီအျမန္ေရယာဥ္ေပၚကေနဖမ္းဆီးသြားတဲ့ အရပ္သား ၂၅ ေယာက္ကိုေတာ့ ႏိုဝင္ဘာလ ၅ ရက္ေနမွာ ေအေအ အဖြဲ႕က ျပန္လည္လြတ္ေပးခဲ့ပါတယ္။ ျပန္လြတ္လာသူေတြထဲမွာ သစ္ေတာဦးစီးအရာရွိ ပါဝင္လာတာ မရွိသလို တပ္မေတာ္က ကယ္ဆယ္ထားသူ ၁၅ ေယာက္ထဲမွာလည္းပါဝင္တာ မရွိေသးပါဘူး။

ေအေအတပ္ဖြဲ႕က ဖမ္းဆီးထားသူ ၁၇ ဦးစာရင္းကို ႏိုဝင္ဘာ ၁၁ ရက္ေန႔က ဓာတ္ပုံေတြနဲ႔ထုတ္ျပန္ရာမွာလည္း သစ္ေတာအရာရွိရဲ႕ အမည္နဲ႔ ဓာတ္ပုံ ပါဝင္ျခင္းမရွိပါဘူး။

ေအေအက ထုတ္ျပန္ထားတဲ့ စာရင္းမွာေတာ့ အမွတ္ ၁ နယ္ျခားေစာင့္တပ္က ဗိုလ္ႀကီး (ဒုရဲမႉး)ၾကည္စိုး၊ ခမရ ၃၄၅ က ဗိုလ္ႀကီးညီညီေဇာ္၊ စစ္ေတြ အမွတ္ ၁၂ ရဲတပ္ရင္းက ရဲအုပ္ညီညီေထြး၊ ေအာက္တိုဘာ ၂၇ ရက္ေန႔ ေက်ာက္ေတာ္အေပါက္ဝလမ္းမွာ ဖမ္းသြားတဲ့ ေက်ာက္ေတာ္အေပါက္ဝ စခန္းက ဒုရဲအုပ္ မ်ိဳးကိုကို စသူေတြလည္း ပါဝင္ေနတာေတြ႕ရပါတယ္။

No comments:

Powered by Blogger.